စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 6 July 2014

မေး။ ။ ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆိုရင် ဘယ်လို အကျိုးအပြစ်များရှိနိုင်ပါသလဲ....

မေး။ ။ ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆိုရင် ဘယ်လို အကျိုးအပြစ်များရှိနိုင်ပါသလဲ.... အဖြေ။ ။ လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း မရှိသေးပါဘူး။ ရဟန်းတော်များ အင်တာနက်သုံးတာနဲ့ပတ်သက်ပြီး ပြောရရင် နေရာအတော်များများမှာ အကောင်းနဲ့အဆိုး ဒွန်တွဲလျက် ရှိနေပါတယ်။ အင်တာနက်စာမျက်နှာများမှာလဲ ရဟန်းတော်များ ကြည့်သင့်တဲ့အရာများရှိသလို မကြည့်သင့်တဲ့အရာများလဲရှိပါတယ်။ အင်တာနက်သုံးတဲ့နေရာမှာ လမ်းကြောင်းမှန်ကန်မယ်ဆိုရင်တော့ သုံးသင့်တယ်လို့ပြောရမယ်။ တကယ်လို့ လမ်းကြောင်း မမှန်ဘူးဆိုရင်တော့ မသုံးသင့်ဘူးလို့ပဲ ပြောပါရစေ။ ဆိုရေးရှိက ဆိုအပ်စွဆိုတာလို ရဟန်းတော်များ တီဗွီကြည့်တာနဲ့ပတ်သက်ပြီး လူမြင်ကွင်းမှာမကြည့်ဘဲ ကိုယ့်အခန်းထဲမှပဲ ရဟန်းတော်များနဲ့ သင့်တော်တဲ့အကြောင်းအရာတွေ ကြည့်မယ်ဆိုရင် ကြည့်နိုင်ပါတယ်လို့ တည်တောရဆရာတော်က “ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ”ဆိုတဲ့စာအုပ်မှာ အကျယ်တ၀င့် ရှင်းလင်းရေးသားထားတာ ဖတ်လိုက်ရပါတယ်။ ဒီလိုပါပဲ ရဟန်းတော်များ အင်တာနက်သုံးတဲ့နေရာမှာ ဘုရားရှင်ရဲ့ တရားတော်များ ကမ္ဘာပြန့်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုတယ်ဆိုရင် အသုံးပြုတိုင်းမှာ ကုသိုလ်ရနေပါတယ်။ ပညာဗဟုသုတဆည်းပူးဖို့ ရည်ရွယ်ချက်နဲ့အသုံးပြုရင် ပညာဗဟုသုတ တိုးပွားတဲ့အကျိုး ရရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲ မသင့်တော်တဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ဖို့ အသုံးပြုမယ်ဆိုရင်တော့ ကိလေသာတွေတိုးပွားပြီး အကုသိုလ်တွေပဲ များလာတော့မှာပါ။ နောင်အခါ သာသနာတော်မှာ မပျော်ပိုက် ဖြစ်သွားတတ်ပါတယ်။ ဦးကောဝိဒ(မြိတ်) http://venkawwida.com/ — with Shwe Arlu and 2 others. Photo: မေး။ ။ ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆိုရင် ဘယ်လို အကျိုးအပြစ်များရှိနိုင်ပါသလဲ.... အဖြေ။ ။ လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း မရှိသေးပါဘူး။ ရဟန်းတော်များ အင်တာနက်သုံးတာနဲ့ပတ်သက်ပြီး ပြောရရင် နေရာအတော်များများမှာ အကောင်းနဲ့အဆိုး ဒွန်တွဲလျက် ရှိနေပါတယ်။ အင်တာနက်စာမျက်နှာများမှာလဲ ရဟန်းတော်များ ကြည့်သင့်တဲ့အရာများရှိသလို မကြည့်သင့်တဲ့အရာများလဲရှိပါတယ်။ အင်တာနက်သုံးတဲ့နေရာမှာ လမ်းကြောင်းမှန်ကန်မယ်ဆိုရင်တော့ သုံးသင့်တယ်လို့ပြောရမယ်။ တကယ်လို့ လမ်းကြောင်း မမှန်ဘူးဆိုရင်တော့ မသုံးသင့်ဘူးလို့ပဲ ပြောပါရစေ။ ဆိုရေးရှိက ဆိုအပ်စွဆိုတာလို ရဟန်းတော်များ တီဗွီကြည့်တာနဲ့ပတ်သက်ပြီး လူမြင်ကွင်းမှာမကြည့်ဘဲ ကိုယ့်အခန်းထဲမှပဲ ရဟန်းတော်များနဲ့ သင့်တော်တဲ့အကြောင်းအရာတွေ ကြည့်မယ်ဆိုရင် ကြည့်နိုင်ပါတယ်လို့ တည်တောရဆရာတော်က “ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ”ဆိုတဲ့စာအုပ်မှာ အကျယ်တ၀င့် ရှင်းလင်းရေးသားထားတာ ဖတ်လိုက်ရပါတယ်။ ဒီလိုပါပဲ ရဟန်းတော်များ အင်တာနက်သုံးတဲ့နေရာမှာ ဘုရားရှင်ရဲ့ တရားတော်များ ကမ္ဘာပြန့်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုတယ်ဆိုရင် အသုံးပြုတိုင်းမှာ ကုသိုလ်ရနေပါတယ်။ ပညာဗဟုသုတဆည်းပူးဖို့ ရည်ရွယ်ချက်နဲ့အသုံးပြုရင် ပညာဗဟုသုတ တိုးပွားတဲ့အကျိုး ရရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲ မသင့်တော်တဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ဖို့ အသုံးပြုမယ်ဆိုရင်တော့ ကိလေသာတွေတိုးပွားပြီး အကုသိုလ်တွေပဲ များလာတော့မှာပါ။ နောင်အခါ သာသနာတော်မှာ မပျော်ပိုက် ဖြစ်သွားတတ်ပါတယ်။ ဦးကောဝိဒ(မြိတ်) http://venkawwida.com/

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform