စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 23 July 2014

မှော်ဘီမြို့နယ်ရှိ ကျေးရွာအချို့ ရေကြီးရေလျှံဖြစ်ပွား

 ရန်ကုန် ဇူလိုင် ၂၂

 ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်ရှိ ကျေးရွာအချို့တွင် ဇူလိုင်လ အတွင်းမိုးအဆက်မပြတ်ရွာသွန်းခဲ့ သောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ စပါးပျိုးခင်းများရေနစ်မြုပ် နေကြောင်းသိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ သာယာ ကုန်း၊ ညောင်ရွာ၊ ရေကျော်၊ ဘူတာစု၊ သဲကုန်း၊ လိပ္ပုပ်ကျေးရွာတို့တွင် စပါး စိုက်ပျိုးမြေဧက ၁ဝဝဝ ကျော်ရှိသည့် အနက် စပါးစိုက်ပျိုးခင်း ဧက ၆ဝဝ ကျော်မှာ နှစ်စဉ်ရေနစ်မြုပ်မှုဒဏ် ခံစားနေရသည်။

ယင်းကျေးရွာများတွင် ရေကြီး ရေလျှံမှုဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာခံနေရကာ စပါးပျိုးခင်း များပိုမိုဆုံးရှုံးမှုဖြစ်ပေါ်နေကြောင်း ဒေသခံလယ်သမားများက ပြောသည်။

ထိုကျေးရွာများအနက် ဘူတာစု၊ သာယာကုန်းကျေးရွာတို့တွင် ရေကြီး နစ်မြုပ်မှုဒဏ်ကို ပိုမိုခံစားနေရပြီး နှစ်စဉ်စပါးပျိုးခင်း နှစ်ကြိမ်ဆုံးရှုံးမှုကြုံ တွေ့နေရကြောင်း ဒေသခံလယ်သမား တစ်ဦးကပြောသည်။

ဇူလိုင် ၁၈ ရက် ညမှ စတင်ကာ အဆက်မပြတ်ရွာသွန်းခဲ့သော မိုး ကြောင့် စပါးပျိုးခင်းများ ရေနစ် မြုပ်နေသည့်အပြင် နေအိမ်များနှင့် ရွာလယ်လမ်းမကြီးပေါ်အထိ ရေလျှံ မှုဖြစ်ပွားနေ၍ အခြေခံပညာ မူလတန်းကျောင်းအချို့ပင် ခေတ္တ ပိတ်ထားရသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကွင်းဆင်း ဆောင်ရွက်ပေးမှုကို ဘူတာစုကျေးရွာနေ လယ်သမားများက မျှော်လင့်လျက်ရှိ ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform