စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 19 May 2014

အနှစ်နှစ်ဆယ်ကြာ အုတ်ခဲ၊ကျောက်စရစ်နဲ့ ရွှံ့ ခဲတွေစားပြီး အသက်ရှင်လာသူ

အနှစ်နှစ်ဆယ်ကြာ အုတ်ခဲ၊ကျောက်စရစ်နဲ့ ရွှံ့ ခဲတွေစားပြီး အသက်ရှင်လာသူ



                       
အိန္ဒိယနိုင်ငံသား Pakkirappa Hunagundi ဆိုသူဟာ အုတ်၊ကျောက်နဲ့ ရွှံ့ ခဲတွေ စားရတာကို စွဲလမ်း နှစ်သက်နေသူပါ။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူဟာ အသက် ၁၀ နှစ်သားကတည်းကစပြီး အခုလို စားမကောင်းတဲ့အရာ တွေကို ၀ါးစားရတဲ့ အရသာကို စတင်စွဲလမ်းခဲ့တယ်လို့ ဆိုပါတယ်။

အနှစ်နှစ်ဆယ်အတွင်းမှာ သူဟာ တစ်နေ့ ကို အုတ်ကျိုးအုတ်ပဲ့၊အပျက်အစီး သုံးကီလိုလောက် စားရမှ အာသာပြေတယ်လို့ ပါတယ်။ သူဟာ Karnataka ပြည်နယ်က သူ တို့ ရွာထဲမှာ အုတ်၊ရွှံ့ နဲ့ ကျောက်စရစ်ခဲ တွေကို လိုက်ရှာပြီး စားသောက်လေ့ရှိပါတယ်။

Pica လို့ ခေါ်တဲ့ အစားအသောက်မူမမှန်မှုရောဂါခံစားနေရတယ်လို့  ယူဆရတဲ့ Pakkirappa တစ်ယောက် အခုလို မူမမှန်တဲ့အရာဝတ္ထုတွေကို စားသုံးနေပေမယ့် ဒီအကျင့်ကြောင့် သူ့ ကို ထိခိုက်မှုဆိုးကျိုးတစ်စုံတစ်ရာ မရှိဘူးလို့ ဆိုပါတယ်။

သူဟာ အိန္ဒိယတစ်ခွင့်လှည့်လည်ပြီးတော့လည်း သူ့ ရဲ့ အုတ်ခဲနဲ့ ကျောက်စရစ်တွေကို ၀ါးစားနိုင်တဲ့ စွမ်းရည်ကို ပြသကာ မိသားစုအတွက် ၀င်ငွေရှာပေးချင်တယ်လို့ ပြောပြခဲ့ပါတယ်။

“ ကျွန်တော် ဆယ်နှစ်ကနေစပြီး ဒီအကျင့်ရလာတာပဲ။ ဒါဟာ ကျွန်တော့်အတွက် မရှိမဖြစ်ပဲ။ အသားဟင်းတွေ ကျွန်တော်မစားဘဲနေနိုင်ပေမယ့် အုတ်ခဲနဲ့ ရွှံ့ တွေကိုတော့ မစားဘဲမနေနိုင်ဘူးဗျ”

“ ကျွန်တော် ဘာဆိုးကျိုးမှ မခံစားရပါဘူး။ ကြည့်ပါလား ကျုပ်သွားတွေက အကောင်းအတိုင်းပဲ။ မာလှချည်ရဲ့ ဆိုတဲ့ ကျောက်တုံးတစ်တုံးကို ကျွန်တော်အေးဆေး ကိုက်စားနိုင်တယ်” လို့ သူက ပြောပြခဲ့ပါတယ်။

အရသာအကောင်းဆုံး လို့  သူသတ်မှတ်ထားတဲ့ ဒီဆောက်လုပ်ရေးပစ္စည်းတွေကို စားသုံးရာမှာ သူဟာ အစာခြေဖို့ အတွက် ရေတစ်ဖန်ခွက်သာ သောက်သုံးပါတယ်။

မိသားစုဝင်အားလုံးက သူ့ အကျင့်ကို ပြင်ပေးဖို့ အနုနည်း၊အကြမ်းနည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပေမယ့် သူ့ ရဲ့ ပုံစံ ကိုတော့ ပြင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

Trend Myanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform