စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 20 July 2014

အရှိန်မထိန်းနိုင်သောဆိုင်ကယ် လမ်းဘေးသစ်ပင်အား ၀င်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး

နေပြည်တော်၊ ဇူလိုင် ၂၀

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်၊ တဲကြီးကျေးရွာအနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းကျေးရွာနေ ကျော်ကျော်(၄၃)နှစ်အား ၀ဲနား/နှာခေါင်းသွေးထွက်၊ လည်ပင်းရောင်ရမ်း၊ ၀ဲပါးပေါက်ပြဲ၊ ၀ဲမျက်ခမ်းညိုမဲဒဏ်ရာများဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရသည်။

 စစ်ဆေးချက်အရ ကျော်ကျော်သည် တိုယိုဘို-၁၁၀ အနက်ရောင်ဆိုင်ကယ်ဖြင့် ဆိပ်ဖြူ-ဆောကားလမ်းအတိုင်း ဂျုတ်ချောင်းလေးရွာဘက်မှတဲကြီးကျေးရွာသို့ မောင်းနှင်လာစဉ် တဲကြီး ကျေးရွာအ၀င်၌ အရှိန်မထိန်းနိုင်ဘဲ ရွာထိပ်ရှိတမာပင်အား ၀င်ရောက်တိုက်မိပြီး ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ၎င်းအား ဆိပ်ဖြူမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform