စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 20 July 2014

HIV ရောဂါခံစားနေရသူ ရေကန်ထဲဆင်း၍ အဆုံးအစီရင်မှုဖြစ်

 ပျဉ်းမနား ဇူလိုင် ၂၀
 နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် HIV ခံစားနေရသူ တစ်ဦး ဘ၀ကို အရှုံးပေး၍ မိမိကိုယ်မိမိ ရေကန်ထဲ ဆင်း၍ အသက် အဆုံး စီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က ဒုရဲအုပ်မင်းဇော်ဟန် ပျဉ်းမနားမြို့မ ရဲစခန်းတွင် တာဝန်မှူးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ပျဉ်းမနားမြို့၏အထင်ကရ အပန်းဖြေနေရာတစ်ခုဖြစ်သည့် မင်္ဂလာရှမ်းကန် ထဲသို့ အမျိုးသမီး တစ်ဦး ဆင်းသွားရာမှ ပြန်ပေါ်လာခြင်းမရှိကြောင်း သတင်းရရှိ၍ ပျဉ်းမနား မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသန်းဝင်း၊ ရန်အောင် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ခိုင်မင်းတို့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာမင်္ဂလာရှမ်းကန် တောင်ဘက် ကမ်းစပ်နှင့် ခြောက်ပေခန့်အကွာ အနက် ခြောက်ပေခန့်ရှိ ရေထဲမှ အမျိုးသမီးအလောင်းကို မွန်းတည့် ၁၂ နာရီ ၃၇ မိနစ် တွင် ပြန်လည်ဆယ်ယူရရှိခဲ့ပြီး စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိ၍ ကမ်းစပ်တွင် ကျန်ရှိသည့် လက်ဆွဲကွင်းပါသော ပလတ်စတစ်အိတ်အဖြူရောင်ကို စစ်ဆေးကြည့်ရာ ၄င်းအိတ်ထဲတွင် အမျိုးသမီးအဝတ်အစားများနှင့် ဆေးရုံမှ ဆင်းလာသည့် ဆေးမှတ်တမ်းစာရွက်များ တွေ့ရ၍ HIV ရောဂါ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း သိရသဖြင့် အလောင်းကို ရဲဆေးစာဖြင့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့အပ်ခဲ့ရာ PR အမှတ် (၁၀)ဖြင့် မှုခင်း ဆရာဝန်ကြီး ဒေါက်တာ သန့်ကျော်က လက်ခံထားရှိပြီး ပျဉ်းမနား ရဲစခန်းမှ ဒုရဲမှူးမျိုးသန်းဝင်းက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform