ရန်ကုန်၊ ဇူလိုင် ၁၇
၁၅.၇.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် သန်လျင်မြို့နယ်နေ ယာဉ်မောင်း ဇော်လင်းအောင် (၄၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မိုးဇော် တို့လိုက်ပါ လာသော ၂စ/--- ဟွန်ဒိုင်းအမျိုးအစား ရွှေရန်ကုန် ယာဉ်လိုင်းခရီးသည်တင် ယာဉ်သည် သန်လျင်မြို့၊ ကျိုက္ကခေါက်ဘုရားလမ်းရှိ မော်တော်ယာဉ်သုံး ဓါတ်ငွေ့ဆိုင်၌ ဓါတ်ငွေ့ဖြည့်ရန်အတွက် ယာဉ်အားရပ်တန့်ပြီး ယာဉ်ပေါ်ပါခရီးသည်များ
အားဆင်းခိုင်းရာ ခရီးသည် ဒေါ်ခင်သောင်း (၅၆)နှစ်မှာ ယာဉ်ပေါ်မှဆင်းစဉ် ခြေချော်ပြုတ်ကျပြီး နောက်စေ့ဖူးရောင်၊ နဖူး ဖူးရောင်ဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင်ဆေးရုံသို့ပို့အပ်စဉ် သေဆုံးသွားခဲ့ပါသည်။
ထိုသို့ ခရီးသည်ယာဉ်ပေါ်မှပြုတ်ကျသေဆုံးခဲ့သည့်အတွက် ယာဉ်မောင်း ဇော်လင်းအောင်နှင့် ယာဉ်နောက်လိုက်ဖြစ်သူ မိုးဇော်တို့(၂)ဦးအား သန်လျင် မြို့မရဲစခန်း ယာဉ်(ပ)၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခင်းဖြစ်စဉ်က ယာဉ်နောက်လိုက်ဖြစ်သူ မိုးဇော်မှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf

0 comments:
Post a Comment