စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 3 July 2014

အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး ယာဉ်တိုက်မှုဖြစ်ခဲ့သဖြင့် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၃

၃.၇.၂၀၁၄ရက်နေ့ ၁၁၃၀အချိန် သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း အနောက်မှအရှေ့သို့ ပုဇွန်တောင်မြို့နယ်နေ ယာဉ်မောင်း ကိုတင်မောင်မြင့် (၃၅)နှစ် မောင်းနှင်လာသော DD/---တိုယိုတာ ပက်ဆို ဗင်အနက်ရောင် အငှားယာဉ်သည် အောင်သစ္စာလမ်းအလွန်အရောက် အရှိန်လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော ၈က/---နီဆန်းဒီဇယ် ကွန်တိန်နာယာဉ်ကို တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုတင်မောင်မြင့်တွင် နဖူး၊ ဝဲမျက်ခုံး၊ မေးစေ့နှင့်ရင်ဘတ်တို့၌ ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုတင်မောင်မြင့်အား သာကေတမြို့မ ရဲစခန်းယာဉ်(ပ) ၃၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform