မြတ်စွာဘုရားရှင်၏
သာသနာတော်ဆိုတာ တခြားသာသနာတွေနဲ့
နှိုင်းယှဉ်လိုက်လျှင်အဆင့်အတန်းအလွန်မြင့်မားပါတယ်..ဒီလိုအဆင့်အတန်းမြင့်တဲ့
သာသနာမှာနေမယ်ဆိုရင် မိမိတို့ရဲ့စိတ်ထားလေးတွေဟာလဲ အဆင့်အတန်းမြင့်ဖို့
အလွန်လိုအပ်ပါတယ်။
အမျိုးလေးပါးတို့ကိုချည်းကပ်ကြတဲ့အခါ ပစ္စည်းလေးပါးတည်းဟူသော အေ ကြာင်းနဲ့ မချည်းကပ်ကြပါနဲ့။
လသည် မိမိ၏ အရောင်အ၀ါဖြင့် လောကကိုထွန်းလင်းတောက်ပစေသကဲ့သို့ မိမိရဲ့ သီလ သမာဓိ ပညာ တည်းဟူသော အရောင်အ၀ါဖြင့် ဒကာဒကာမတွေရဲ့ ကိလေသာအမိုက်မှောင်ကို ဖယ်ရှားရှင်းလင်းပေးမယ်ဆိုတဲ့ စိတ်ထားလေးတွေနဲ့ချည်းကပ်ကြရမယ်။
ဘုရားရှင်က သာသနာကို မှီခိုကပ်ရပ်စားသောက်မဲ့ သူတွေကို အလိုရှိတော်မမူဘူး။
(ဖားအောက်ဆ၇ာတော်ကြီး တရားတော်မှ)

0 comments:
Post a Comment