ထန်းသီးမုန့် 
ပြုလုပ်ပုံ အဆင့်ဆင့်
-
ဆန်ကို စင်ကြယ်စွာ ဆေးပြီးထောင်းပါ။ ဆန်ခါချပေးပါ။ ဆန်ခါချ ထားထားသော
ဆန်မှုန့်များထဲသို့ ထန်းသီမှည့်များ အခွံနွှာပြီး အနှစ်ကိုဆန်ခါနှင့်
တိုက်ချပါ။
-
သကြား၊ ဆားတို့ကိုရောထည့်ပြီး သမအောင် နယ်ပေးပါ။ နယ်ပြီး လျှင်မုန့်များ ပွလာစေရန် (၄) နာရီခန့် ပိတ်စနှင့် ဖုံးထားပေးပါ။
-
ရေနွေးအိုးတွင် စလောင်းဖုံးပြီး နာရီဝက်ခန့် ပေါင်းပါ။ မုန့်နပ်သော အခါလိုအပ်သလို လှီးပြီး အုန်းသီးများဖြူး ပြီးစားသုံးနိုင်ပါပြီ။
လိုအပ်သည့် ပစ္စည်းများ
- ငစိန်ဆန် >> (၁) ပြည်
- ထန်းသီးမှည့် >> (၁) လုံး
- စားဆော်ဒါ >> (၄) ဇွန်း-လက်ဖက်ရည်ဇွန်း
- သကြား >> (၆၀) ကျပ်သား
- အုန်းသီး >> (၂) လုံး
- ဆား >> သင့်ရုံ
0 comments:
Post a Comment