စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 12 May 2014

တောင်တရုတ် ပင်လယ်အရေး အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို မထိခိုက်ဟုဆို

တောင်တရုတ် ပင်လယ်အရေး အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို မထိခိုက်ဟုဆို Monday, May 12, 2014 မြန်မာနိုင်ငံတွင် ကျင်းပနေသော အာဆီယံထိပ်သီး အစည်းအဝေးတွင် ဖိလစ်ပိုင်၊ ဗီယက်နမ် အပါအဝင် အဖွဲ့ဝင်နိုင်ငံများ အစိုးရိမ်ဆုံးသော ကိစ္စဖြစ်သည့် တောင်တရုတ် ပင်လယ်အရေး အငြင်းပွားမှုမှာ ၂၀၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို ထိခိုက်မှု မရှိနိုင်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီယောင်မင်က ပြောကြားသည်။ အာဆီယံ၏ ရပ်တည်ချက်အတိုင်း အကြမ်းဖက်ခြင်း၊ ထိပ်တိုက် ရင်ဆိုင်နည်းတို့ မသုံးဘဲ တရုတ်နိုင်ငံနှင့် ညှိနှိုင်း ဆွေးနွေးနေသည့် အတွက် စိုးရိမ်ဖွယ် မရှိကြောင်း လီယောင်မင်က မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မီဒီယာစင်တာ၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုအတွက် တရုတ်နှင့် အာဆီယံနိုင်ငံများ လိုက်နာရမည့် စည်းမျဉ်း (DOC) မှာ အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးသည့်အတွက် အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် သက်ဆိုင်ရာ နိုင်ငံများ လိုက်နာရန် လုပ်ထုံးလုပ်နည်း (COC) ကို ဆက်လက် ဆောင်ရွက်နေကြောင်း မစ္စတာ လီယောင်မင်က ရှင်းပြသည်။ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံများက အာဆီယံ အသိုက်အဝန်းအတွက် လမ်းညွှန်မြေပုံ ရေးဆွဲရန် အဓိက လုပ်ဆောင်ရမည် ဖြစ်သော်လည်း တောင်တရုတ် ပင်လယ်အရေးက မီဒီယာများတွင် ပိုမိုစိုးမိုးခဲ့သည်။ တောင်တရုတ် ပင်လယ်အရေးသည် အာဆီယံအတွက် အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ပြီး အခြားအရေးကြီးသည့် အာဆီယံ အသိုင်းအဝိုင်း ကဲ့သို့သော ကိစ္စရပ်များစွာ ရှိသေးကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ဆိုသည်။ ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေးနှင့် ပထဝီ ရေပိုင်နက်တို့ကို ထိခိုက်လာနိုင်သည့် အတွက် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်းကို ထိခိုက်မည်ကို စိုးရိမ်မှုများ ရှိကြသော်လည်း အာဆီယံ၏ ရပ်တည်ချက်အတိုင်း အဆိုပါအရေးကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု လီယောင်မင်က ပြောဆိုသည်။ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် တောင်တရုတ် ပင်လယ်အရေးကို မဆွေးနွေးဘဲ ချန်လှပ်ထားခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံစဉ် ပြန်လည် ဆွေးနွေးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း စတင် ထူထောင်ရန် ရည်မှန်းထားသော်လည်း အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဇုန်တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့မှာ ၂၀၁၈ ခုနှစ်တွင်မှ ပါဝင်ရမည် ဖြစ်သည်။ The Voice Weekly

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform