စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 3 May 2014

ပဲခူးမြို့နယ်တွင်း ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ် နေအိမ် (၁၉၂) လုံး ပျက်ဆီး

ပဲခူးမြို့နယ်တွင်း ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ် နေအိမ် (၁၉၂) လုံး ပျက်ဆီး
====================================
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာတွင် ၁-၅-၂၀၁၄ ရက်နေ့ ညနေ(၆)နာရီ အချိန်ခန့်က လေပြင်း တိုက်ခတ်ပြီး မိုးများသည်းထန်စွာ ရွာသွန်းခဲ့ရာ မူလတန်းလွန် စာသင်ကျောင်း အပါအ၀င်ပျက်စီးသွားသော နေအိမ်(၉၅)လုံး နှင့် အိမ်ခေါင်မိုး ပျက်စီး သွားသော နေအိမ်(၉၇)လုံး စုစုပေါင်း(၁၉၂)လုံးဆုံးရှုံးသွားခဲ့ပြီး လျှပ်စစ်မီးကျောက်တိုင်များ ပြိုလဲသွား ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကျေးရွာသို့ ပဲခူးတိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးသက်ထွန်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးဦးရဲမြင့်ထွန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးစောမော်ထွန်း၊ ဦးကြင်သိန်းနှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး လေဘေးသင့်ပြည်သူများအားပေးစကားများပြောကြား၍လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုးများကို စီစစ်ဆောင်ရွက် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform