စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 13 May 2014

အရေပြား ကင်ဆာ အတွက် မစား သင့်သော အစားအစာ ခုနစ်မျိုး

အရေပြား ကင်ဆာ အတွက် မစား သင့်သော အစားအစာ ခုနစ်မျိုး
05 November 2012 | By Good Health 
အရေပြား ကင်ဆာ အတွက် မစား သင့်သော အစားအစာ ခုနစ်မျိုး သင့်အရေပြားကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အစား အစာ တွေရှိ သလိုပဲ၊ အရေပြားကင်ဆာ အတွက် အန္တရာယ်ရှိတဲ့ အစား အစာတွေ လည်းရှိ ပါတယ်။

ကင်ထား၊ ဖုတ်ထားသော အစာများ
ကင်ထားဖုတ်ထားတဲ့ အစားအစာ တွေထဲမှာ ပါဝင်တဲ့ ဖရီးရယ်ဒီကယ်တွေ က ကျန်းမာတဲ့ အရေပြားဖြစ်ပေါ်မှုကို တားဆီးတတ်တာကြောင့်ပါ။ ကြက်သား၊ ဝက်သားနဲ့ အမဲသားတွေကို သေချာ ချက်ပြုတ်ပြီး စားပေးဖို့ အမေရိကန် ကင်ဆာရောဂါဌာနက အကြံပြုထားပါ တယ်။ ဆဲလ်မွန်ငါးက သင့်ကျန်းမာရေး ကိုအထောက်အကူပြုတဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်တွေ ပါဝင်တယ်ဆိုပေ မယ့် ကင်စားမယ်ဆိုရင်တော့ သင့်ကို ပိုပြီး အန္တရာယ်ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ငါးကိုလည်း ချက်ပြုတ်စား သောက်ပါ။

ပေါင်မုန့်ဖြူ
ဖြူဖွေးအောင်လုပ်ထားတဲ့ ပေါင်မုန့် ဟာ အမျှင်ဓာတ်ပါဝင်မှုနည်းသွားပါ တယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်အ တွက် အမှန်တကယ်လိုအပ်ပြီး ကင်ဆာ ဖြစ်ပေါ်မှုကို အားပေးတတ်တဲ့ အဆိပ် အတောက်တွေကိုလည်း ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ အညိုရောင်ပေါင်မုန့်ကိုသာ ရွေးပါ။ အချိုများသော အသင့်လုပ်မုန့်များ သကြားများစွာပါဝင်တဲ့ မုန့်တွေ ကြောင့် အမျိုးအစား (၂) ဆီးချိုသွေးချို နဲ့ အဝလွန်တာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်ကာ နေရောင်ခြည်ဓာတ်ကို တိုက်ထုတ်ပေး နိုင်တဲ့ဆဲလ်တစ်မျိုးထွက်ပေါ်မှုကိုအား နည်းစေတဲ့အတွက် နေလောင်ဒဏ်ခံရ ချိန်မှာ အရေပြားကို ပိုပြီး ထိခိုက်စေနိုင် ပါတယ်။

ဟော့ဒေါ့များ
ဟော့ဒေါ့၊ ဆလာမီနဲ့ ဆော့စေ့တွေ ဟာ အဆီများစွာပါဝင်တတ်ပြီး ကင်ဆာ ရှိသူတွေ လုံးဝမစားသင့်တဲ့အစားအစာ ထဲမှာ ပါဝင်ပါတယ်။

မာဂျရင်း
မာဂျရင်းကို အသီးအရွက်ဆီနဲ့ တခြားအဆီမျိုးစုံအပြင် ပုံစံမျိုးစုံနဲ့ပြုပြင် ထုတ်လုပ်ထားတာတွေလည်း ရှိတတ်ကြ ပါတယ်။ အဲဒီအဆီတွေက အဝလွန်ဖို့ကို ဦးဆောင်နေတတ်ပါတယ်။ ဒါ့အပြင် ကင်ဆာရှိသူတွေအတွက် ပိုပြီးရှောင်သင့် ပါတယ်။

ပြုပြင်ထားသော နို့
အရေပြားကင်ဆာရှိသူတွေ အနေ နဲ့ အဆီရရှိမှုနည်းတဲ့ အစားအစာတွေကို ရှောင်ပြီးသားဆိုရင်တောင် နွားနို့မှာပါဝင် တဲ့ သဘာဝအဆီဓာတ်၊ ပရိုတင်းဓာတ်၊ နဲ့ ကယ်လ်စီယမ်ဓာတ်တွေက သင့်အ တွက် အကျိုးရှိစေတာကြောင့် သဘာဝနို့ ကို သောက်ပါ။

မှိုတက်နေသော မြေပဲထောပတ်
မြေပဲထောပတ်ဟာ သင့်အရေပြား ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။ ဒါပေမဲ့ မြေပဲထောပတ်ကို ရေခဲ သေတ္တာထဲမှာ ထည့်မသိမ်းမိရင် မှိုတက် လာတတ်ပါတယ်။ အဲ့ဒီမှိုထဲမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်တွေပါဝင်တာကြောင့် အန္တရာယ်ရှိပါတယ်။

သဲသဲ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform