စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 1 May 2014

ဖက်ရှင်ချစ်သူတွေ သိထားရမယ့် ဘောင်းဘီတိုအမျိုးအစား (၅) မျိုး

ဖက်ရှင်ချစ်သူတွေ သိထားရမယ့် ဘောင်းဘီတိုအမျိုးအစား (၅) မျိုး

ကိုယ့်ဆီမှာရှိပြီးသား ဘောင်းဘီရှည်တွေကို အတိုဖြတ်လိုက်တဲ့အခါ အထာပိုကျသွားတာမျိုးတွေ ရှိပါတယ်။ ရာသီဥတုကြောင့် ဘောင်းဘီရှည်တွေနဲ့ အဆင်မပြေတဲ့အခါ ဒီလိုဘောင်းဘီတိုလေးတွေက ကိုယ်နဲ့လည်း ကွက်တိဖြစ်တယ်၊ ဖြတ်တဲ့အရှည်ကလည်း ကိုယ်လိုချင်သလောက်ရတယ် ဆိုရင်တော့ မသပ်မရပ်နဲ့ ကိုယ့်ဘာသာကိုယ် လက်စွမ်းပြထားတဲ့ ဘောင်းဘီတွေက ဒီနှစ်နွေရာသီအတွက် ၀တ်ဖို့ အသင့်တော်ဆုံးပေါ့။ ဒီလိုမှ မဟုတ်ပဲ ဘောင်းဘီတိုလေးတွေကို ဆိုင်မှာတန်းဝယ်မယ်ဆိုရင်လည်း ဘောင်းဘီတိုအမျိုးအစားတွေကို သိထားတော့ ကောင်းတာပေါ့။

၁။ Cutoffs

ကတ်ကြေးတစ်လောက်ယူပြီး ကောက်ဖြတ်ပစ်လိုက်တဲ့ ဒီလိုဘောင်းဘီမျိုးက ရာသီနဲ့တော့ ကွက်တိ ဖြစ်လှပါတယ်။ တစ်ခုပါပဲ။ သူက အချိန်နည်းနည်းကြာရင် အမျှင်လေးတွေ ပိုများလာတတ်ပြီး အပေါ်ကို တိုသွားတတ်ပါတယ်။ ဒီအချက်ကို သတိထားလိုက်ရုံပါပဲ။ ကိုယ်ကအဲ့ဒီလို အမျှင် မလိုချင်ဘူး ဆိုရင်လည်း သပ်သပ်ရပ်ရပ် ဖြတ်လိုက်ပြီး ပြန်အနားလုံးလိုက်လို့ ရပါတယ်။

၂။Printed

ကိုယ့်ဘောင်းဘီမှာ အပွင့်အရွက်၊ အစင်း၊ အစက်၊ အရောင်ပြေး စတဲ့ ဒီဇိုင်းလေးတွေပါနေတယ် ဆိုရင်တော့ ဒီလိုဘောင်းဘီကို ကိုယ်ကြိုက်တဲ့ အမိုက်စား တီရှပ်လေးတွေ၊ စွပ်ကျယ်လေးတွေနဲ့ တွဲဝတ်ပစ်လိုက်ရုံပါပဲ။

၃။Cuffed

ဒီဘောင်းဘီအမျိုးအစားတွေကတော့ ခန္ဓာကိုယ်အချိုးအစား သိပ်မရွေးပါဘူး။ ပိန်ပိန်၊ ပြည့်ပြည့် အဆင်ပြေပါတယ်။ သူကတော့ ဘောင်းဘီကို ကိုယ်လိုချင်တဲ့ အရှည်ထက်နည်းနည်း ပိုဖြတ်ပြီး ပြန်ခေါက်ထားတာမျိုးပေါ့။

၎။Loose Fit

ဒီလို လျော့တိလျော့ရဲနဲ့ နည်းနည်းပွပွလေး ၀တ်ရတဲ့ ဘောင်းဘီမျိုးကတော့ ခန္ဓာကိုယ် နည်းနည်းသွယ်တဲ့သူတွေနဲ့ ပိုသင့်တော်ပါလိမ့်မယ်။

၅။Long

ကိုယ်က အရမ်းတိုတဲ့ဘောင်းဘီမျိုး မ၀တ်ချင်ဘူးဆိုရင် ခုလည်း ဒူးမရောက်တရောက် အရှည်လောက်ရှိတဲ့ ဘောင်းဘီမျိုးတွေနဲ့ အထာကျအောင် ဆင်မြန်းနိုင်တာပါပဲ။



luckymag.com

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform