စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 12 May 2014

မိခင်၏ နွေးထွေးသော ချစ်ခြင်းမေတ္တာက ကလေးများ၏ နာမကျန်းမှုကို တားဆီးကာကွယ်ပေးနိုင်

မိခင်၏ နွေးထွေးသော ချစ်ခြင်းမေတ္တာက ကလေးများ၏ နာမကျန်းမှုကို တားဆီးကာကွယ်ပေးနိုင်

မိခင်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ကူညီမှုတွေက ရောဂါတွေကို တားဆီးကာကွယ်ပေး နိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။


လူမှုရေးနဲ့ စီးပွားရေးအခြေအနေနိမ့်ကျမှုတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေကို ဖြစ်နိုင်ခြေများစေကြောင်း၊ ဒါပေမဲ့ သူတို့ရဲ့ ကလေးတွေကို ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှု ပေးတဲ့ ဆင်းရဲတဲ့ မိသားစုမှ မိခင်တွေဟာ သူတို့ကလေးတွေရဲ့ အနာဂတ်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း အမေရိကန်နဲ့ ကနေဒါမှ သုတေသီတွေက ဆိုပါတယ်။



သုတေသီတွေဟာ ကလေးဘဝမှာတုန်းက လူမှုစီးပွားအခြေအနေ နိမ့်ပါးခဲ့တဲ့ အသက် ၂၅ နှစ်နဲ့ ၄၀ ကြား လူ ၅၃ ယောက်ရဲ့ ခန္ဓာကိုယ်ခုခံအား စနစ်တုံ့ပြန်မှုနဲ့ ရောင်ရမ်းမှုဖြစ်စဉ်တွေကို စမ်းသပ်ခဲ့ကြပါတယ်။ ရောင်ရမ်းမှုက စိတ်ကျရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေ အပါအဝင် ရောဂါများစွာမှာ အဓိကအစိတ်အပိုင်း ဖြစ်ပါတယ်။



လေ့လာမှုမှာ ပါဝင်သူတွေထဲက ၂၆ ယောက်ဟာ သူတို့ မိခင်တွေက သူတို့အပေါ်မှာ နွေးထွေးမှုနဲ့ ချစ်ခင်ကြင်နာခဲ့ကြကြောင်း ပြောဆိုကြပြီး သူတို့ရဲ့ သွေးနမူနာကို စစ်ကြည့်ရာ မိခင်ဆီမှ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုရတာနည်းခဲ့တယ်လို့ ဆိုတဲ့ တခြားလူ ၂၇ ယောက်ထက် သွေးထဲမှာ ရောင်ရမ်းမှုဆိုင်ရာ ပစ္စည်းတွေ လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။



ဒီတွေ့ရှိမှုက ဝင်ငွေနည်းမိသားစုမှ လူတွေရဲ့ ကျန်းမာရေးကို တိုးမြင့်စေဖို့အတွက် မိခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုက အရေးကြီးကြောင်း ပြဆိုနေပြီး ကလေးငယ်ဘဝက အဖြစ်အပျက်နဲ့ ခံစားမှုတွေက လူကြီးဘဝမှာ ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲဆိုတာကို ဆက်လက် သုတေသနလုပ်သင့်ကြောင်း လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

Ref : Good Health
ချစ်ခင်လေးစားသော
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform