စကားနဲ့ အရေး
"နှုတ်ပြောမှာ
“တွေ”ကို သုံးပေမယ့် အရေးကျတော့ “တို့ကို သုံးရတယ်။ “နဲ့” ကို “နှင့်”
သုံးတယ်။ ဒါကို စာရေးတဲ့ ဟန်နဲ့ ရေးကြည့်မယ် ဆိုရင် “စာနှင့် စကား”လို့
ရေးရမှာပါ။ မြန်မာစာကို နေ့တိုင်း ရေးနေကြတယ်။ မြန်မာစကားကို နေ့တိုင်း
ပြောနေကြတယ်။ “စကား ပြောသလို ရေးရမယ်”ဆိုတဲ့ လှုပ်ရှားမှုဂယက်ဟာ တစ်ခါက
တော်တော်လေး ရိုက်ခတ်ခဲ့ပါတယ်။
အပြောနဲ့ အရေး စကား မြန်မာ အဘိဓာန် အကျဉ်းချုပ်မှာ ဒီလို ဖွင့်ဆိုတယ်။ အပြော-န(အပျော)
၁။ နှုတ်ဖြင့် ထုတ်ဖော် မြွက်ဆိုခြင်း၊ နှုတ်ဖြင့် ထုတ်ဖော်မြွက်ဆိုသော စကား
၂။ နှုတ်ဖြင့် ထုတ်ဖော် ပြောဆိုပုံ။ “အပြောစကား”လို့ ရေးတာ မတွေ့ရဘူး။ “နှုတ်ပြော”လို့ ရေးရမယ် ထင်ပါတယ်။
အရေးစကား-န(အယေးစကား)
အကြောင်းကိစ္စ၊ အဖြစ်အခင်း တစ်စုံတစ်ရာနှင့် သက်ဆိုင်သော စကား။ ဒါက
“စကား”ကို စာနဲ့ရေးတာလို့ အဓိပ္ပာယ် မရဘူး။ “အရေး”လို့ပဲ ပြောရမှာ ထင်ပါတယ်။
“စကား ပြောသလို ရေးရမယ်”ဆိုတာ စကားပြေကို စကားပြောတဲ့ အသံထွက် အတိုင်း
ရေးရမယ်လို့ ဆိုလိုတာ နေမှာပါ။
ဥပမာ-ကျွန်တော်သည်=ကျွန်တော်ဟာ
စာရေးသည်=စာရေးတယ် “ကျွန်တော်သည် စာရေးသည်” ကို “ကျွန်တော်ဟာ
စာရေးတယ်”လို့ ရေးရမယ့် သဘော မဟုတ်လား။ အဲဒီလို ရေးတာကို “စကား ပြောသလိုကို
စကားပြေနဲ့ ရေးတယ်”လို့ ပြောလို့ မရဘူးလား။ “စကားပြောသလို ရေးရမယ်” ဆိုတာ
အဲဒီလိုမျိုး ရေးတာကို ဆိုလိုတာ မဟုတ်လား။ တခြား အဓိပ္ပာယ်များ ထွက်နေတာ
ရှိသေးလား။ စဉ်းစား ကြည့်တာပါ။
အသိသညာကူးညှိရအောင်လား..
0 comments:
Post a Comment