အလှအပကို ပျက်စေတဲ့ အကြောထုံး တာမဖြစ်ရအောင်
သွေးပြန်ကြော ထုံးခြင်းအား ကုသခြင်း
(၁) လူနာ အများစုမှာ ကုသမှု ခံယူရန် မလိုအပ်ပါ။ မိမိဘာသာ
ကုသပေး နိုင်သည့်
နည်းလမ်းဖြစ်သော Elastic ခြေအိတ်များ စွပ်ခြင်းဖြင့် လုံလောက် နိုင်ပါသည်။
(၂) သွေးပြန်ကြောထုံးများသည် သေးငယ်ပြီး ဒူးဆစ်အောက်တွင် ရှိလျှင်
ထိုသွေးပြန်ကြောများအတွင်း သို့ ဆရာဝန်က ဆေးတစ်မျိုးထိုးထည့်ကာ
သွေးပြန်ကြောနံရံများအား နှစ်ခုပူးကပ်သွားစေရန် ပြုလုပ်ပေး ခြင်းဖြင့်
သွေးများဝင်ရောက်မှုမရှိ စေရန် ပြုလုပ်ပေးနိုင်ပါသည်။
(၃) ဒူးဆစ်၏ အထက်တွင်ရှိသော သွေးပြန်ကြောထုံးများအတွက် ပုံမှန်
ပေးလေ့ရှိသည့် ကုထုံးမှာ သွေးပြန် ကြောနှင့် ဆက်စပ်နေသော နေရာ အား
ချည်နှောင်ပေးခြင်းဖြစ်သည်။ဤသို့ချည်နှောင်ခြင်းအားဖြင့် သွေး များ
မဝင်ရောက်စေရန်ကာကွယ်ပေးသည်။
(၄) သွေးပြန်ကြောထုံးများကှိုStripping ဟု ခေါ်သောနည်းဖြင့်
ခွဲစိတ်ဖယ်ရှားနိုင်ပါသည်။ သို့သော် လည်း တဖြည်းဖြည်းနှင့် နောက်တစ်
ကြိမ်ပြန်၍ဖြစ်လာတတ်ပါသည်။ နောက်တစ်ကြိမ် ထပ်မံခွဲစိတ်ရန် လိုအပ်တတ်ပါသည်။
(၅) သွေးပြန်ကြောထုံးခြင်းကြောင့် နှင်းခူနာသို့မဟုတ် အနာဖြစ်နေပါက
အရေပြားလိမ်းဆေးများ၊ အထောက် အကူပြုပတ်တီးပတ်ပေးခြင်းများ စသည့်
အထူးကုသမှုများ လိုအပ် တတ်ပါသည်။
(၆) အစာရေမျို၏ အောက်ဘက်စွန်း တွင် ဖြစ်ပေါ်နေသော သွေးပြန် ကြောထုံးများသည်
အရက်ကြောင့် အသည်းခြောက်နာ ဖြစ်နေသောသူ များတွင် ဖြစ်လေ့ရှိသည်။ ဤသူများ၌
ကိုယ်တွင်းသွေးယိုစီးခြင်းဖြစ်တတ်ပြီး အရေးပေါ်ကုသမှုပေးရန် လိုအပ်တတ် ပါသည်။
(၇) အစာဟောင်း အိမ်အတွင်း သွေး ပြန်ကြောထုံးခြင်းကြောင့် လိပ်ခေါင်း
သွေးယိုတတ်ပါသည်။
သွေးပြန်ကြောထုံး ရှိလျှင် ဘယ်လိုရင်ဆိုင် ကျော်လွှားမလဲ
သင်လုပ်နိုင်သော လမ်းညွှန်ချက် များမှာ ...
(၁) တာရှည်မတ်တတ်ရပ်ခြင်းကိုရှောင်ပါ။
(၂) ခြေထောက်များအတွင်း သွေး ပုံမှန်စီးဆင်းရန် လမ်းမှန်မှန်လျှောက် ပေးပါ။
(၃) ထိုင်နေသည့်အခါ ဖြစ်နိုင်လျှင် ခြေထောက်များကို မြှင့်တင်ထားပါ။
(၄) သင်၏ ဆရာဝန်ကElastic ခြေအိတ်များစွပ်ရန် ညွှန်ကြားထားလျှင်
နံနက်အိပ်ရာမထမီ ခြေထောက် များ မြှင့်ထားစဉ်အတွင်း ဝတ်ပါ။ ခါး စည်းကြိုး၊
ခါးပန်းကြိုးကဲ့သို့ အဝတ် မျိုးဝတ်ဆင်ခြင်း ရှောင်ကြဉ်ပါ။ ၄င်း တို့ကို
စီးထားခြင်းကြောင့်ခြေထောက် သို့ သွေးစီးဆင်းမှုနည်းနိုင်ပါသည်။
(၅) ကိုယ်အလေးချိန်များနေပါက လျှော့ပါ။
Good Health
0 comments:
Post a Comment