စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 11 May 2014

ရေရှားပါးမှုကြောင့် တောဆင်ရိုင်းများ ကျေးရွာများအထိ ဝင်ရောက်

ရေရှားပါးမှုကြောင့် တောဆင်ရိုင်းများ ကျေးရွာများအထိ ဝင်ရောက် Monday, May 12, 2014 ပုသိမ်-မော်တင် ကားလမ်းပေါ်ရှိ ကျေးရွာအချို့တွင် ညဘက်အချိန်၌ တောဆင်ရိုင်းများ ဝင်ရောက်လျက် ရှိကြောင်း ယင်းလမ်းတစ်လျောက်ရှိ ဒေသခံ ကျေးရွာသားများက ပြောကြားသည်။ “တောဆင်ရိုင်းတွေက ပုံမှန်ဆိုရင် စပါးပေါ်ချိန်မှ ရွာနားအထိ ရောက်လာပြီး စပါးခင်းတွေထဲအထိ ဝင်တတ်ကြတာ၊ အခုက ရွာနီးဝန်းကျင်အထိ ရောက်လာပြီး ရေကို အဓိကထား ရှာဖွေကြပါတယ်။ အစာအတွက် မဟုတ်ဘဲ ရေရှာဖို့ လာကြတယ်လို့ ထင်တယ်” ဟု ငပုတောမြို့နယ် ထန်းတပင်ရွာက တောင်သူ ဦးရဲက ပြောဆိုသည်။ ပုသိမ်-မော်တင်ကားလမ်းမှာ အရှည်မိုင် ၉၀ ခန့်ရှိပြီး ကားလမ်း တစ်လျှောက်တွင် တောဆင်ရိုင်းများ ကျက်စားရာနယ်မြေ ဖြစ်၍ ဆင်အန္တရာယ်ကို ရှောင်ရှားရန် သတိပေး ဆိုင်းဘုတ်များ စိုက်ထူထားကြောင်း ဒေသခံများက ပြောကြားသည်။ “သစ်ထုတ်လုပ်ရေးလမ်းမှာ ကျွန်တော်တို့ လင်မယား ဆိုင်ကယ် စီးသွားတုန်း တောဆင်ရိုင်းနဲ့ တွေ့သေးတယ်။ ရွာနဲ့ တစ်မိုင်လောက်ပဲ ဝေးမယ်၊ ဆိုင်ကယ်စက်နှိုးပြီး ဖုန်တောထဲ ပစ်ချထားလိုက်တာ စက်သံကြောင့် ဖုန်ထနေတဲ့အချိန် ထွက်ပြေးခဲ့ရတယ်” ဟု တောဆင်ရိုင်းနှင့် မျက်မြင် တွေ့ ကြုံခဲ့ရသည့် ထန်းတပင် ကျေးရွာသား ဦးဌေးအောင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။ ယင်းသို့ တောဆင်ရိုင်းများ ရွာနီးနားအထိ ရောက်ရှိလာခြင်းမှာ ၎င်းတို့နေထိုင်သည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာခြင်းကြောင့် ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးမှုကြောင့် မြေဆီလွှာ ပျက်စီးပြီး တာရှည် ထိန်းထားနိုင်သည့် ကန်ရေများ ခန်းခြောက် လာခြင်းကြောင့် ဖြစ်ကြောင်း၊ စပါးပေါ်ချိန်တွင် ရောက်လာတတ်သည့် တောဆင်ရိုင်းများမှာ ယခုအခါ သောက်ရေ အတွက်ပါ ရှာဖွေရသောကြောင့် လူနေထိုင်သည့် ကျေးရွာများအထိ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပုသိမ်မြို့နယ် သစ်ထုတ်လုပ်ရေး အငြိမ်းစား ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။ ယင်းဖြစ်ရပ်မျိုးနှင့် ဒေသခံ ကျေးရွာသားများ ရင်ဆိုင်နေရသော်လည်း ခရိုင်သစ်တော ဦးစီးဌာနသို့ ဆင်အန္တရယ် ကာကွယ်ပေးရန် တင်ပြထားခြင်း မရှိကြောင်း ပုသိမ်ခရိုင် သစ်တောဦးစီးဌာနမှူးက ပြောကြားသည်။ “အခုထိတော့ သတင်း တက်မလာသေးဘူး။ ရွာထဲ ဆင်ဝင်တယ်လို့ ပြောတာနဲ့ ဒေသခံတွေက သစ်တောဦးစီးဌာနကို ခေါင်းစဉ်တပ်တယ်၊ ဆင်နဲ့ ပတ်သက်ရင် သစ်ထုတ်လုပ်ရေး ဦးစီးဌာနနဲ့ပဲ ဆိုင်ပါတယ်။ အဲဒီမှာ ဆင်မောင်းအဖွဲ့၊ ဆင်ဆရာဝန်တွေ ရှိကြပါတယ်” ဟု ၎င်းကရှင်းပြသည်။ လက်ရှိအချိန်၌ သစ်တောများတွင် ရွက်နုဝေချိန် ဖြစ်သောကြောင့် ဆင်များအတွက် အစာပူပင်ရခြင်း မရှိသော်လည်း စိမ့်စမ်းများနှင့် ချောင်းများတွင် ရေခန်းခြောက်မှုကြောင့် ရေရှာဖွေရန် လူနေကျေးရွာများသို့ ဆင်များ လာရောက်ခြင်း ဖြစ်ကြောင်း သစ်တော ဦးစီးဌာနများသို့ တင်ပြခဲ့သော်လည်း ဝန်ထမ်း မလုံလောက်ဟုဆိုကာ ရှောင်လွှဲ တတ်ကြကြောင်း ငပုတောမြို့နယ် ဝက်ကော်ကျေးရွာနေ ကရင်အမျိုးသားကြီး တစ်ဦးက ပြောကြားသည်။ The Voice Weekly

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform