စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

ယင်လပ်နှင့် အစိုးရတစ်ဖွဲ့လုံး ရာထူးမှနုတ်ထွက်ရန် ထိုင်းအတိုက်အခံခေါင်းဆောင် တိုက်တွန်း

ယင်လပ်နှင့် အစိုးရတစ်ဖွဲ့လုံး ရာထူးမှနုတ်ထွက်ရန် ထိုင်းအတိုက်အခံခေါင်းဆောင် တိုက်တွန်း

Sunday, May 4,2014

ထိုင်းအတိုက်အခံ ခေါင်းဆောင် ဒီမိုကရက်တစ်ပါတီအကြီးအကဲ အဘီဆစ်ဗစ်ဂျာဂျီ ဗာက မကြာမီက ထိုင်းအစိုးရက သတ်မှတ်လိုက်သောလာမည့် ဇူလိုင်တွင် ရွေးကောက်ပွဲများအသစ်ပြန် လည်ကျင်းပရေးကို ပယ်ချလိုက်ပြီး ဝန်ကြီးချုပ်ယင်လပ်အနေဖြင့် ရွေးကောက်ပွဲမစတင်မီတွင် ရာထူးမှနုတ်ထွက်သင့်ကြောင်း တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ပြီးခဲ့သောဒီဇင်ဘာမှစ၍ အစိုးရအနေဖြင့် လုပ်ငန်းများ အပြည့်အဝမလုပ်နိုင်ဘဲ ၎င်းတို့ ကျင်းပပေးခဲ့သည့် ဖေဖော်ဝါရီရွေးကောက်ပွဲ ရလဒ်များကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပယ်ဖျက်ခဲ့သည်။

သို့သော် ယင်လပ် ဦးဆောင် သည့် ကြားဖြတ်အစိုးရသည် ရွေး ကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ ပြီးနောက် ဇူလိုင်တွင် နောက်ထပ် ရွေးကောက်ပွဲအသစ်များ ပြုလုပ်ရန် မကြာသေးမီက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အတိုက်အခံ ခေါင်းဆောင် အဘီဆစ်က နိုင်ငံ ရေးလိပ်ခဲတည်းလည်း ဖြစ်နေမှု ကို ဖြေရှင်းနိုင်ရန် ယင်လပ်နှင့် ကြားဖြတ်အစိုးရတစ်ရပ်လုံး ရာ ထူးမှ နုတ်ထွက်ကာ ဆန္ဒပြသူများ တောင်းဆိုသော နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို ကြီးကြပ်မည့် ကြားဖြတ်အစိုးရသစ်တစ်ရပ် ဖွဲ့ သင့်ကြောင်း၊ ထိုအစိုးရမှတစ် ဆင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များလုပ်ရန် ကြီးကြပ်သင့်ကြောင်း တိုက်တွန်းခြင်းဖြစ်သည်။

‘‘ကျွန်တော့်တင်ပြချက်အရ ဆို ဘယ်ဘက်ကမှ ၁၀၀ ရာခိုင် နှုန်း အပြည့်မရပါဘူး။ ဒါပေမဲ့ ဘက်တိုင်းဟာ သူတို့လိုလားချက် တွေကို ဖြေရှင်းတောင်းဆိုနိုင်မှာ ဖြစ်ပါတယ်’’ဟု အဘီဆစ်က ပဋိ ပက္ခများ ရှောင်လွှဲနိုင်ရေးနှင့်ပတ် သက်၍ ၎င်း၏လမ်းပြမြေပုံကို ရှင်းပြသည်။

ထိုင်းကြားဖြတ်ဝန်ကြီးချုပ် မစ္စစ်ယင်လပ်သည် လာမည့်သီ တင်းပတ်များအတွင်း ၎င်း၏ရာ ထူးတာဝန်ကို ရပ်ဆိုင်းနိုင်သည့် တရားစွဲဆိုမှုနှစ်ခု ရင်ဆိုင်နေရသည်။

AFP

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform