စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 12 May 2014

မန်နေဂျာကိုအလုပ်ထုတ်ပေးရန် တောင်းဆိုသော်လည်း မရသဖြင့် အလုပ်သမားများ သပိတ်စခန်းဖွင့်

မန်နေဂျာကိုအလုပ်ထုတ်ပေးရန် တောင်းဆိုသော်လည်း မရသဖြင့် အလုပ်သမားများ သပိတ်စခန်းဖွင့် Monday, May 12, 2014 လုပ်ငန်းခွင်တွင် အလုပ် သမားများအပေါ် ကြမ်းတမ်းစွာ ဆက်ဆံ သည်ဟုဆိုကာ ရွှေပြည်သာမြို့နယ် STAR TEX အထည်ချုပ်စက်ရုံမှ Production Manager အမျိုးသမီးတစ်ဦးကို အလုပ်သ မားများက အလုပ်ထုတ်ပေးရန် တောင်းဆို သော်လည်းမရသဖြင့် သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေကြသည်။ အဆိုပါ အလုပ်သမားသပိတ် ကို မေ ၉ ရက် ညနေပိုင်းတွင် ယင်းစက်ရုံ ရှေ့၌ အလုပ်သမားများသည် မိုးထဲ၊ လေ ထဲတွင်ဖွင့်လှစ်ကာ ယင်းနေရာတွင်ပင် ည အိပ်ခဲ့ကြသည်။ ''ကျွန်မတို့က လုပ်ခ၊ လစာကို တိုးပေးဖို့အတွက် အဓိက တောင်းဆိုတာ မဟုတ်ဘူး။ အဲဒီအမျိုးသမီးကိုပဲ အလုပ်ထုတ် ပေးဖို့တောင်းဆိုတာ။ သူက သူ့လူကိုယ့်လူ ဆိုပြီး အလုပ်သမားအချင်းချင်းကို ခွဲပြီး ဆက်ဆံတယ်''ဟု ယင်းသပိတ်စခန်းမှ အမျိုး သမီးများက ပြောသည်။ ပြီးခဲ့သည့်လပိုင်းအတွင်းက အ ဆိုပါစက်ရုံမှ အလုပ်သမားများသည် ယခု ကဲ့သို့ သပိတ်စခန်းဖွင့် မတောင်းဆိုမီ ယင်း မန်နေဂျာအား အလုပ်မှ ထုတ်ပေးရန် အလုပ် ရှင်ဖြစ်သူထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သော် လည်း ယင်းမန်နေဂျာကို အလုပ်မထုတ်ခဲ့ ကြောင်း၊ အလုပ်သမားများကိုလည်း ပြေ လည်အောင် တစ်စုံတစ်ရာ ညှိနှိုင်းဖြေရှင်း ပေးခြင်းမရှိကြောင်း ယင်း သပိတ်စခန်းတွင် ပါဝင်သူ မကြူကြူသင်း၊ မခင်မျိုးသက်၊ မယဉ် ယဉ်အေးတို့က တညီတညွတ်တည်း ပြော သည်။ ''သူက ကျွန်မတို့ကို ဖိနှိပ်တယ်။ ကြမ်းတယ်။ ဘယ်လိုကြမ်းလဲဆိုတာ ကတော့ ဖအေ၊ မအေလောက်နဲ့ ပြောပြီးဆဲတာမဟုတ်ဘူး။ သူဆဲပုံက တော်တော်ဆိုးတယ်။ မိန်းကလေးတွေကို သိက္ခာကျအောင်ပြောတယ်''ဟု သပိတ်စခန်းမှ အလုပ်သမတစ်ဦး က ပြောသည်။ ယင်းကြောင့် အလုပ်သမားများ သည် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း ပြေ လည်မှု မရရှိသဖြင့် ဧပြီ ၃ဝ ရက်တွင် တိုင်း ဒေသကြီး အလုပ်သမား ခုံသမာဓိထံ တိုင် ကြားခဲ့ကြောင်း၊ မေ ၇ ရက်တွင် တိုင်းဒေသ ကြီး အလုပ်သမားခုံသမာဓိမှ မြို့နယ်အ လုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ ပြန် လွှဲပေးကြောင်း၊ ယင်းကြောင့် အလုပ်သမား များ သပိတ်ကိုစတင်ခဲ့ကြောင်း အလုပ်သမား အကျိုး ဆောင်ရွက်လုပ်ကိုင်သူ ဒေါ်မျိုးမျိုး အေးက ဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရွှေ ပြည်သာမြို့နယ် အလုပ်သမားညှိနှိုင်း ဖျန် ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးဦးအား ဆက် သွယ်မေးမြန်းခဲ့ရာ ယင်းက ''ဒီကိစ္စက အ လုပ်သမားရပိုင်ခွင့်နဲ့ မဆိုင်ဘူး။ အလုပ်ရှင် ရဲ့ စီမံခန့်ခွဲရေးအပိုင်းနဲ့ပဲ သက်ဆိုင်တယ်။ ပုဂ္ဂိုလ်ရေးကိစ္စတောင်းဆိုမှုသာ ဖြစ်တယ်'' ဟု ပြောသည်။ Yangon Media Group

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform