စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

ငါးသလောက်အဝင်နည်းနေ၍ ဈေးမြင့်တက်

ငါးသလောက်အဝင်နည်းနေ၍ ဈေးမြင့်တက်

Sunday, May 4,2014

ရန်ကုန်

ငါးသလောက်အထွက် နှုန်းနည်းနေခြင်းကြောင့် ပြည် တွင်းငါးဈေးကွက်အတွင်းသို့ ငါး သလောက်အဝင် ယခင်လများ ထက် အဆ ၈၀ ခန့် လျော့ကျ သွားပြီး တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ ခန့် ဈေးမြင့်တက်သွား ကြောင်း ဗဟိုစံပြ ငါးဈေးမှ သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ငါးသလောက်အဝင်နှုန်းမှာ တစ် နေ့လျှင် ပိဿာချိန်ပေါင်းလေး သောင်းကျော်ဝင်ရောက်ခဲ့သော် လည်း မေလတွင်မူ တစ်နေ့လျှင် ပိဿာချိန်ပေါင်း ငါးရာကျော်သာ ဝင်ရောက်လျက်ရှိကြောင်း သိရ သည်။

‘‘ငါးသလောက်တွေ အဝင် နည်းသွားတယ်။ ပြည်ပပို့ကုန် အဖြစ်ပဲ သူ့ကိုအဝယ်လိုက်တယ်။ ပြည်တွင်းကျတော့ ရာသီဥတုပူ တာလည်းပါတယ်။ သူက နဂိုက အအေးကြိုက်တော့ ခုရာသီနဲ့ဆို ရင် တော်တော်အထွက်နည်းသွား တယ်’’ဟု ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးရှိ ဈေးတာဝန်ခံရုံး မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ဈေးကွက်တွင်း အဝင်နည်း ရခြင်းမှာ ရာသီဥတုပူခြင်းကြောင့် ငါးသလောက်များ သေကျေပျက်စီးမှုများရှိလာခြင်းနှင့် ငါးသ လောက်ရာသီကုန်ဆုံးချိန်ဖြစ်၍ အထွက်နှုန်းများ သိသိသာသာ လျော့သွားခြင်းတို့ကြောင့် ဖြစ် သည်။ ထိုကဲ့သို့ အဝင်နည်းခြင်း ကြောင့် ဈေးကွက်လိုအပ်ချက် အရ ဈေးနှုန်းမြင့်တက်လာပြီး လေလံယူ၍ ငါးသလောက်မွေးမြူသူများနှင့် ရောင်းချသူများတွင် အခက်အခဲများရှိလာသည်။

‘‘အလှူတွေအတွက် ငါး သလောက်က ဝယ်လိုအားရှိတာ တောင် ရောင်းဖို့ကမရှိဘူးဖြစ်နေ တယ်။ ဒိုင်မှာက လိုသလောက် မရဘူး။ ဈေးကလည်း မြင့်နေ တော့ မကိုက်ဘူးလေ။ အဲဒါ ကြောင့် တခြား မွေးငါးတွေကို လှည့်ပြီး ရောင်းနေရတယ်’’ဟု မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်များ တွင် ငါးရောင်းချသူ ဒေါ်အေးက ပြောသည်။

‘‘ဈေးကြီးတာရယ်၊ စားချင် တဲ့အချိန်ကျတော့လည်း ဈေးထဲ မှာ ရှာမတွေ့တာရယ်ကြောင့် ငါးသလောက်ကို မစားဖြစ်ဘူး။ ပြီးတော့ သူက အသားဈေးထက် တောင်မြင့်နေသေးတယ်။ သူ တစ်ဆယ်သားဆိုရင် ငါးမြစ်ချင်း ဆို အစိတ်သားလောက်ရတော့ မိသားစုများတဲ့ အိမ်ဆို ငါးသ လောက်က မကိုက်ဘူး။ သူက ရှားပါးပစ္စည်းလိုဖြစ်နေတယ်’’ဟု မရမ်းကုန်းမြို့နယ်နေ အိမ်ရှင်မ ဒေါ်ဝေဝေက ပြောသည်။

လက်ရှိ ပြည်တွင်းငါးဈေး ကွက်အတွင်း ငါးသလောက်ဈေး နှုန်းများမှာ မတ်လပိုင်းက တစ် ပိဿာလျှင် ကျပ် ၆,၀၀၀၊ ၇,၀၀၀ သာရှိခဲ့ရာမှ ဧပြီနှင့် မေလများတွင်တစ်ပိဿာလျှင် ကျပ် ၉,၀၀၀၊ ၉,၅၀၀ သို့ မြင့်တက်လာကြောင်း သိရသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform