စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

ကန်တော်ကြီးရေပြင်ကြည်လင်စေရေး အမေရိကန်ပညာရှင်များ ငှားရမ်းဆောင်ရွက်

ကန်တော်ကြီးရေပြင်ကြည်လင်စေရေး အမေရိကန်ပညာရှင်များ ငှားရမ်းဆောင်ရွက်
=================================
ကန်တော်ကြီး အတွင်းရှိ ရေပြင်သန့်ရှင်း စင်ကြယ် စေရေးအတွက် အမေရိကန်နိုင်ငံမှ ပညာရှင်များအဖွဲ့က ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှု စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး မကြာမီကာလအတွင်း အများပြည်သူများအတွက် ပိုမိုသန့်ရှင်းကြည်လင်သည့် ကန်တော်ကြီးရေပြင်ကို ကြည့်ရှုခံစား အပန်းဖြေနိုင်တော့ မည်ဖြစ်သည်။
''ကန်တော်ကြီးထဲက ရေတွေကို သန့်ရှင်းစင်ကြယ်စေ ဖို့နဲ့ ရေမျက်နှာပြင် အမှိုက်သရိုက်ကင်းစင်ရေး၊ ရေ ကြည်လင်လာစေရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ပါ တယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံမှ ပညာရှင်အဖွဲ့က လေ့လာမှုများ ပြုလုပ်ပြီးစီးလို့ ရေဆိုးသန့်စင်တဲ့စနစ်တွေနဲ့ အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု မြန်မာမီဂါ ထရန်းဒ်ကုမ္ပဏီလီမိတက်မှ တာဝန်ခံတစ်ဦးဖြစ်သော ဦးဇော်ဇော်က ပြောကြားသည်။ ကန်တော်ကြီး အမျိုးသား ဥယျာဉ်အတွင်းရှိ ရေများမှာ ရေညှိနှင့် ရေမှော်များ၊ အပင် များကြောင့် ကြည်လင်သန့်ရှင်းမှုအားနည်းသဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ မကြာခဏအမှိုက် ရှင်းလင်းခြင်းများပြုလုပ်ပေးလျက်ရှိသော်လည်း ရေပြင် ကြည်လင်မှုအားနည်းခြင်းအတွက် ယခုကဲ့သို့ ပြည်ပ ပညာရှင်များအား ခေါ်ယူအပ်နှံတာဝန်ပေးအပ်ခြင်းဖြစ်သည်။ သင်္ကြန်ကာလမတိုင်မီကပင် ကန်တော်ကြီးရေပြင် သန့်ရှင်းရေးလုပ်ငန်းများစတင်လုပ်ကိုင်ခဲ့ပြီး အဆိုပါ နိုင်ငံခြားသားပညာရှင်များက ရေကန်အတွင်းရှိ ရေနေ သတ္တဝါများ ထိခိုက်မှုမရှိစေဘဲ သန့်ရှင်းကြည်လင်သော ရေများအဖြစ် မြင်တွေ့ရရန် နည်းပညာအကူအညီဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
''ရေကန်ထဲက ရေညှိတွေကို အနည်ထိုင်စေတဲ့နည်းနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ သဘာဝဂေဟစနစ်ကို မထိခိုက်ဘဲနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ကုမ္ပဏီနဲ့ အမေရိကန်က ရေနဲ့သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ ဆောင်ရွက်နေပါ တယ်။ သက်ဆိုင်တဲ့အပိုင်းတွေကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ပံ့ပိုးပေးနေပါတယ်'' ဟု ဦးဇော် ဇော်က ပြောကြားသည်။ အဆိုပါ သန့်ရှင်းရေးလုပ်ငန်း ကို သုံးလအတွင်း အပြီးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ရေပြင်နေရာအများ အပြား၌ ကြည်လင်သန့်ရှင်းလာနေပြီဖြစ်သည်။
ထို့အပြင် သန့်ရှင်းကြည်လင်ရေးလုပ်ငန်းများ ပြီးစီး သွားပါက ကန်တော်ကြီးအတွင်းသို့ ရေဆိုးများဝင်ရောက် သည့်လမ်းကြောင်းများကိုလည်း လမ်းလွှဲများပြုလုပ်ခြင်းဖြင့် ရေသန့်ရှင်းရေး ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်း မြန်မာမီဂါထရန်းဒ်ကုမ္ပဏီလီမိတက်မှ သိရသည်။ ရန်ကုန်မြို့တော် သင်္ကြန်ရက်များအတွင်း ရန်ကုန်မြို့ရှိ အစည်ကားဆုံးနေရာတစ်ခုဖြစ်သည့် ကန်တော်ကြီး ပတ်လမ်းတွင် ရေကစားမဏ္ဍပ်များဆောက်လုပ် ရေပက်ကြ ရာတွင်လည်း ကန်တော်ကြီးအတွင်းမှ ရေများကို ရေစုပ် စက်များဖြင့် စုပ်ယူအသုံးပြုကြခြင်းဖြစ်သဖြင့် ရေများ သန့်ရှင်းစင်ကြယ်ပါက အသုံးပြုသူများအတွက် လာမည့် နှစ်တွင်များစွာအထောက်အကူဖြစ်စေကြောင်း သိရသည်။
ခင်လေးမြင့်အောင်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform