စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 4 May 2014

တိုက်ရိုက်စီးပွားရေးပိတ်ဆို့မှုရင်ဆိုင်ရမည်ဟု အိုဘားမားနှင့်မာကယ် ရုရှားကိုသတိပေး

တိုက်ရိုက်စီးပွားရေးပိတ်ဆို့မှုရင်ဆိုင်ရမည်ဟု အိုဘားမားနှင့်မာကယ် ရုရှားကိုသတိပေး

ဝါရှင်တန်− ယခုလနောက်ပိုင်း တွင် ကျင်းပမည့် ယူကရိန်းရွေး ကောက်ပွဲများအား ဖျက်လိုဖျက်ဆီးပြုခဲ့ပါက ရုရှားအနေဖြင့် နာ ကျင်ဖွယ်ရာ တိုက်ရိုက်စီးပွားရေး တားဆီးပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန် နှင့်ဂျာမနီက ရုရှားနိုင်ငံကို သတိ ပေးလိုက်သည်။
ကန်သမ္မတအိုဘားမားနှင့် ဂျာမနီအဓိပတိ အန်ဂျလာမာ ကယ်တို့သည် အိမ်ဖြူတော်တွင် ဆွေးနွေးပွဲများ ကျင်းပပြီးနောက် ထုတ်ပြန်ချက်တစ်ရပ်တွင် ယင်း သို့ သတိပေးလိုက်ခြင်းဖြစ်ပြီး စီးပွားရေးကဏ္ဍအလိုက် ပစ်မှတ် ထားကာ စီးပွားရေးပိတ်ဆို့မှု အလားအလာ ပို၍နီးစပ်လာပုံရ သည်။
ဤကဲ့သို့သော အရေးယူမှုများမှာ ယူကရိန်းနိုင်ငံအား ကျူးကျော်ရန်စခြင်းများကဲ့သို့ လုပ်ရပ်များအတွက် ဖြစ်သည်ဟု အိုဘားမားအစိုးရက ပြောကြားသည်။
‘‘အကယ်၍များ အနှောင့် အယှက်ပေးတာတွေနဲ့ မတည် မငြိမ်ဖြစ်စေတာတွေ ဆိုးဆိုးရွား ရွား ဆက်ဖြစ်နေလို့ မေလ ၂၅ ရက်ရွေးကောက်ပွဲကို ထိခိုက်စေတယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ လေးနက်ပြင်းထန်တဲ့ ပိတ်ဆို့တားဆီးမှု တွေ ဆက်လုပ်ဖို့ကလွဲပြီး ရွေး ချယ်စရာမရှိပါဘူး’’ဟု သမ္မတ အိုဘားမားက ပြောကြားသည်။
‘‘ရုရှားက လက်ရှိ လမ်း ကြောင်းအတိုင်း ဆက်လိုက်နေ မယ်ဆိုရင် ရုရှားစီးပွားရေးရဲ့ တချို့ကဏ္ဍတွေကို ပစ်မှတ်ထား တားဆီးပိတ်ဆို့မှုတွေလုပ်တာ အပါအဝင် ကျွန်တော်တို့မှာ တန် ဆာပလာတွေ အများအပြားရှိ ပါတယ်’’ဟု အိုဘားမားက ပြော သည်။
တားဆီးပိတ်ဆို့မှု အစီအစဉ် သစ်များကြောင့် ရုရှားစက်မှုလုပ် ငန်းများနှင့် ရင်းနှီးသော ဆက်ဆံ ရေးကို ထိခိုက်နိုင်၍ ပူပန်နေ သော ဂျာမနီစီးပွားရေးအုပ်စုများ ၏ ဖိအားများနှင့် ရင်ဆိုင်နေရ သော မစ္စစ်မာကယ်ကလည်း ယူကရိန်းရွေးကောက်ပွဲရက်မှာ အလွန်အရေးပါသော နေ့စွဲဖြစ် သည်ဟု သမ္မတပူတင်ကို သတိ ပေးသည်။
‘‘မေလ ၂၅ ရက်ဆိုတာ အဝေးကြီး မဟုတ်တော့ပါဘူး။ အဲဒီအတွက် (ယူကရိန်းမှာ) အခြေအနေ တည်ငြိမ်ရေး မလုပ်ဆောင် နိုင်ဘူးဆိုရင် ပိတ်ဆို့တားဆီးမှု တွေကို ရှောင်လွှဲမရနိုင်ပါဘူး’’ဟု မစ္စစ်မာကယ်က ပြောသည်။
ထိုကဲ့သို့ ရုရှားအပေါ် ပြင်း ထန်သော အရေးယူမှုများလုပ်ရန် အမေရိကန်နှင့် ဥရောပမှ ကျွမ်း ကျင်သူများက စတင်လုပ်ဆောင် နေပြီဖြစ်ကာ ယင်းတွင် ရုရှား စီးပွားရေးအတွက် အရေးပါသော ဘဏ္ဍာရေး၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေးကဏ္ဍများ ပါဝင်သည်။
ကန်သမ္မတ အိုဘားမားက ယူကရိန်းအရှေ့ပိုင်းတွင် ရုရှား လိုလားသော လက်နက်ကိုင်များ ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဂျာမနီနိုင်ငံသားလေးဦး အပါအဝင် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး (OSCE)အဖွဲ့မှ လေ့လာသူများ၏ ကံကြမ္မာနှင့် ပတ်သက်၍ ရုရှားနိုင်ငံကို သတိ ပေးလိုက်သည်။
AFP

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform