စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 12 May 2014

ရန်ကုန်-တောင်ကြီး အဝေးပြေးယာဉ်တစ်စီး မီးလောင်ကျွမ်း

ရန်ကုန်-တောင်ကြီး အဝေးပြေးယာဉ်တစ်စီး မီးလောင်ကျွမ်း ရန်ကုန်မြို့တော်မှ တောင်ကြီးသို့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် ထွက်ခွာလာသည့် ကမ္ဘောဇ ယာဉ်လိုင်းမှ အဝေးပြေး မော်တော်ယာဉ် တစ်စီးသည် မေလ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်တွင် ပျော်ဘွယ်မြို့နယ် ထနောင်းပင်ဝိုင်းရွာ အနီး၌ အင်ဂျင် ဝါယာရှော့ခ် ဖြစ်၍ မီးလောင်ကျွမ်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ကမ္ဘောဇ ယာဉ်လိုင်းသည် ပျော်ဘွယ်မြို့နယ် ထနောင်းပင်ဝိုင်းရွာအနီး ဘုရားငါးဆူ ကားလမ်း မိုင်တိုင်အမှတ် ၇/၄ ရှေ့အရောက် ကားအင်ဂျင် နောက်ခန်းမှ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းရာ ကား၏ သံကိုယ်ထည်သာ ကျန်ရှိပြီး ကားတန်ဖိုး ကျပ် ၂၅၀ သိန်းနှင့် ယာဉ်ပေါ်ပါ လူသုံးကုန်ပစ္စည်း ၂၄ သိန်းဖိုးတို့ ဆုံးရှုံးခဲ့ကြောင်း အဆိုပါရုံးထံမှ ထပ်မံ စုံစမ်းသိရှိရသည်။ ကားအင်ဂျင်နောက်ခန်း ဝါယာရှောခ့် ဖြစ်၍ မီးစတင် လောင်ကျွမ်းချိန်တွင် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့် ခရီးသည် စုစုပေါင်း ၄၃ ဦးသည် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်ပေါ်မှ အချိန်မီဆင်းနိုင်ပြီး မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်မှ မီးသတ်ယာဉ် ၃ စီး၊ ဥစ္စာနွယ်ကျေးရွာအုပ်စု အရန်မီးသတ် တပ်ဖွဲ့တို့က သွားရောက် ငြှိမ်းသတ်ရာ နံနက် ၃ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း ယင်းယာဉ်မှ ခရီးသည်များကို မေလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် တောင်ကြီးမြို့သို့ အဆိုပါ ယာဉ်လိုင်းမှ ကားတစ်စီးဖြင့် ထပ်မံဆက်လက် ပို့ဆောင်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မော်တော်ယာဉ်အား ပေါ့ဆစွာမောင်း၍ မီးလောင်ကျွမ်းမှု ဖြစ်စေသူ ယာဉ်မောင်းကို ပျော်ဘွယ် မြို့မ ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၃၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ The Voice Weekly

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform