စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 1 May 2014

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာ နည်းဥပဒေ ဇွန်လတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် မျှော်မှန်း

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာ နည်းဥပဒေ ဇွန်လတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် မျှော်မှန်း

နွဲ့ယဉ်အေး
စတော့အိတ်ချိန်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခု (ဓာတ်ပုံ-နွဲ့ယဉ်အေး)

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာ နည်းဥပဒေကို ဇွန်လတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

“နည်းဥပဒေတွေက မကြာခင် စိစစ်တဲ့ လုပ်ငန်းစဉ်အောက်ကို ရောက်တော့မှာပါ။ စိစစ်တဲ့ လုပ်ငန်းစဉ် ဘယ်လောက်ကြာမလဲဆိုတာ မသိသေးပေမယ့် ဇွန်လမှာ နည်းဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေသည့် Japan Exchange Group, Inc. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်က လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။

အဆိုပါဥပဒေအရ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းအဖြစ် SEC ကို ဖွဲ့စည်းရမည်ဖြစ်ပြီး SEC က စည်းမျဉ်းများကို ချမှတ်ကာ ဥပဒေကို အသက်ဝင်စေရန် အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်သည်။

“Securities Exchange Commission (SEC) က သီအိုရီအရတော့ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေရဲ့အောက်မှာ ဖွဲ့စည်းနိုင်ပါပြီ။ နည်းဥပဒေ၊ စည်းမျဉ်းတွေကို အစိုးရအနေနဲ့ စောင့်စရာ မလိုပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူလူထုထံသို့ ကုမ္ပဏီများက စနစ်မကျသည့် ရှယ်ယာရောင်းချမှုများ၊ ရှယ်ယာလိမ်ရောင်းမှုများ မဖြစ်ပွားစေရန် Securities Exchange Commission (SEC) ကို အမြန်ဆုံး ဖွဲ့စည်းသင့်ကြောင်း၊ Securities Exchange Commission (SEC) ကို ဖွဲ့စည်းရန် ဂျပန်အစိုးရက ပညာရှင်တစ်ဦးကို စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ငွေကြေးဈေးကွက် ပေါ်ပေါက်ရေးသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပြီး နိုင်ငံလုံးဆိုင်ရာ စီးပွားရေးအရ ကြည့်လျှင်လည်း Long term fund သုံး၍ ရသည့်အတွက် ကုမ္ပဏီများ ဖွံ့ဖြိုးရေးအတွက် အရေးပါကြောင်း သိရသည်။

နိုင်ငံတစ်ခုတွင် ကောင်းမွန်စွာလည်ပတ်သည့် ငွေကြေးဈေးကွက်ရှိမှသာ နိုင်ငံပိုင်လုပ်ငန်းစုများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန် လွယ်ကူနိုင်မည်ဖြစ်ကြောင်း သမ္မတအကြံပေး ဦးမြင့်၏ စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဈေးကွက် ပေါ်ပေါက်ရန်မှာ ကျွမ်းကျင်ဝန်ထမ်း လိုအပ်မှုများလည်း ရှိနေသည်။

EMG

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform