စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 26 July 2014

လမ်းလျှောက်သွားနေသူ အမျိုးသားထံမှ လက်ကိုင်ဖုန်းလုယက်သူ (၄)ဦးအား ဖေါ်ထုတ်ဖမ်းဆီး

 ရန်ကုန်၊ ဇူလိုင် ၂၅

၂၄.၇.၂၀၁၄ရက်နေ့ ၀၁၀၀အချိန် အင်းစိန်မြို့နယ်နေ ကိုအောင်ဇင်ကိုကိုဦးသည် လှည်းတန်းမှနေအိမ်သို့ အင်းစိန်လမ်းအတိုင်း လမ်းလျှောက် ပြန်လာရာ လှိုင်မြို့နယ်၊ ဘုရားလမ်းမှတ်တိုင်အရောက် အမည်မသိ လူငယ်တစ်ဦးမှ ၎င်းအား နောက်ဘက်မှသိုင်း ဖက်ကာ အသင့်ပါလာသောဝက်အူလှည့်ဖြင့် လည်ပင်းအားထောက်ထားစဉ် အမည်မသိလူငယ်(၃)ဦး ထပ်မံရောက်ရှိလာပြီး ၎င်းထံမှ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးကို လုယူခဲ့ပြီး တုတ်ဖြင့် ရိုက်ခဲ့၍ ဦးခေါင်းချိုစောင်းပေါက်ပြဲဒဏ်ရာ (၁)ချက်ရရှိခဲ့သဖြင့် ၎င်း(၄)ဦးတို့အား အရေးယူပေးရန် တိုင်တန်းချက်အရ လှိုင်မြို့မရဲစခန်း (ပ)၄၀၁/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၇၄၀အချိန်တွင် ပြစ်မှုကျူးလွန်ခဲ့ သူများ ဖြစ်သည့် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်နေ ပြည့်ဝင်းဖြိုး(ဘ)ဦးသောင်းမြင့်၊ အောင်ဇင်ဖြိုး(ဘ)ဦးအောင်ထူး၊ ဟိန်းမင်းထက် (ဘ)ဦးထူးနှင့် အောင်မျိုးသူ (ဘ)ဦးထွန်းနိုင်တို့(၄)ဦးအား သက်သေခံပစ္စည်းနှင့်အတူဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform