စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 24 July 2014

လူပေါင်း ၁၀၀ ကျော် လိုက်ပါတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် ပျက်ကျ

ခရီးသည်အယောက်ပေါင်း ​၁၀၀ ​ကျော် ​ပါဝင်တဲ့ ​အယ်လ်ဂျီးရီးယားနိုင်ငံပိုင် ​လေယာဉ်တစ်စင်းဟာ ​အာဖရိကတိုက် ​အနောက်ပိုင်း ​မာလီနိုင်ငံမြောက်ပိုင်းမှာ ​ပျက်ကျသွားတယ်လို့ ​သိရပါတယ်။

အဲဒီလေယာဉ်ဟာ ​Burkina ​Faso ​နိုင်ငံ ​ကနေ ​အယ်လ်ဂျီးရီးယား ​နိုင်ငံရဲ့ ​မြို့တော်ဆီကို ​ပျံသန်းနေတုန်း ​တစ်နာရီ ​လောက် ​အကြာမှာ ​လေယာဉ် ​ပျံသန်းမှု ​ထိန်းချုပ်ရေးဌာနနဲ့ ​အဆက် ​အသွယ် ​ပြတ် ​သွားတာ ​ဖြစ်ပါတယ်။

လေယာဉ် ​ပျံသန်းရာ ​လမ်းကြောင်းမှာ ​မုန်တိုင်းတွေ ​ဖြစ်နေပြီး ​ကောင်းမွန်စွာ ​မမြင်ရတဲ့ ​အတွက် ​လမ်းကြောင်း ​ပြောင်းပြီး ​ပျံသန်းခဲ့ရပုံ ​ပေါက်တယ်လို့ ​သုံးသပ်နေကြပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ ​လေယာဉ် ​အမှုထမ်းတွေ ​အပါအဝင် ​လူပေါင်း ​၁၁၉ ​ယောက် ​ပါဝင်မယ်လို့ ​ယူဆနေပြီး ​အဲဒီထဲက ​အယောက် ​၅၀ ​ဟာ ​ပြင်သစ်နိုင်ငံ ​သားတွေ ​ဖြစ်ကြပါတယ်။

မာလီ ​သမ္မတ ​ကလည်း ​သူတို့နိုင်ငံ ​မြောက်ပိုင်း ​သဲကန္တာရမှာ ​လေယာဉ် ​အပိုင်းအစတွေ ​တွေ့ရှိတဲ့ ​အကြောင်း ​ပြောလာတဲ့အတွက် ​အရေးပေါ် ​အဖွဲ့တွေကို ​စေလွတ်ထားပြီလို့ ​Air ​Algerie ​လေကြောင်းဌာနက ​ပြောပါတယ်။

ဆာဟာရ ​ဒေသမှာ ​လေယာဉ် ​ပျောက်ဆုံးသွားတဲ့အတွက်  ​ပြင်သစ်နိုင်ငံက ​ဂျက်လေယာဉ် ​နှစ်စင်းကလည်း ​အသက်ရှင် ​ကျန်ရစ်သူတွေကို ​ရှာဖွေနေပြီ ​ဖြစ်ပါတယ်။

အဲဒီလေယာဉ်ကို ​စပိန်နိုင်ငံက ​ပိုင်ဆိုင်ပြီး ​အယ်လ်ဂျီးရီးယား ​လေကြောင်းလိုင်းက ​ဌားရမ်းတာဖြစ်ကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347967

A Swiftair MD-83 aircraft at Paris's Orly Airport in 2013. (Credit: AFP) 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform