အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်......၁
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ အူဝဲလို့ မွေးကတည်းက
လူပဲလို့ တွေးဆစရာမလို
ခြေထောက်ကို ရုန်းကန်
အားမာန်ကို သွင်းထည့်
အရင်းမဲ့လူသား
အပူများနဲ့ ခရီးသွား စခဲ့ပေါ့ . . . ။
၂။ အချို့က . . .
ရွှေလင်ဗန်းနဲ့ အချင်းဆေး
နွေခင်တန်းနဲ့ အလျင်းဝေးကြတော့
သီချင်းတအေးအေးနဲ့လူဖြစ်
သတင်းတမွှေးမွှေးနဲ့ တမူသစ်ပြီး
လူခေတ်မှာ လူဖြစ်ကာ အကျိုးနပ်ကြလေရဲ့ . . . ။
၃။ အချို့ကျတော့ . . .
သန္ဓေတည်ကတည်းက ဒုက္ခကိုသယ်
ကိုးလလွယ်၍ ဆယ်လဖွား
ရာဇဘွားမဟုတ် . . . မရဏဖွားသရုပ်နဲ့
ရှုပ်လှတဲ့ အထုပ်ပွပွကြီးကိုထမ်း . . .
ရုပ်ဘ၀ဆိုတဲ့ ခရီးကြမ်းမှာ
ဒုက္ခကို အပိုထည့် မြည်းစမ်းရင်း
တစ်မီး တစ်ဝမ်းကို နည်းလမ်းအဖုံဖုံနဲ.
ခ၇ီးကြမ်း အစုံကိုဖြတ်
ကန္တာရဆိုတဲ့ မီးတောကို ပတ်ခဲ့သပေါ့ . . . ။
၎။ ဒါပေါ့ကွယ် . . .
စမ်းချောင်းရေခရီးမှာ
ပန်းလောင်းလှေစီးပြီး
အလွမ်းဟောင်းတွေခြွေ
အနမ်းပေါင်း တဝေေ၀နဲ့
သိင်္ဂါရလေပြေညှင်း . . . တသင်းသင်းတိုက်လို့
အကြောင်းမလှသူများကတော့ . . .
ဆရာမြသန်းတင့်ရဲ့ စကားငှားရရင်
ဓါးတောင်ကိုကျော် . . . မီးပင်လယ်ကိုဖြတ်
အပူကဟပ် လူကကြပ်သနဲ့
ပါးစပ်ကများ . . . ၀မ်းကပွားပြီး
ခရီးသွားအများရူး
ဓားဦးနဲ့ အဆွခံ
ဘ၀ဒဏ် အမာရွတ်အထပ်ထပ်နဲ့
အလှသဏ္ဌာန်ဟာ ကဗျာလွတ်မကတတ်သလိုပေါ့ . . . ။
အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်......၂ သို့ ဆက်လက်စောင့်ပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သူငယ်ချင်းရေ....တခါတလေ..အချစ်ကဗျာလေးတွေ ကအားဆေးဖြစ်ပေမယ့် ဘ၀နဲ့ ယှဉ်လာရင်အချစ်က နောက်ဆုတ်သွားကြတတ်တာပါဘဲ
ဒါကြောင့်သူငယ်ချင်းကို သူရဲကောင်းကဗျာတွေ ပေးဖတ်ချင်တယ်....အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်......က အပိုင်း ၁ ကနေ ၅ အထိဖတ်ပြီး...ဘ၀အတွက်ပြင်ဆင်ထားသင့်တယ်
စာကဗျာချစ်သော
ရွှေအိမ်စည်
(မည်သူမဆိုမျှဝေယူနိုင်သည်Shwe Eaim Siရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)
—▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

0 comments:
Post a Comment