စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 11 January 2014

အိမ်ရှင်ထီး/အိမ်ရှင်မလုပ်မည့် ကိုကိုမမများအတွက်….သုတေသနပြုထားတာလေးတွေပါ

သတိထားသင့်တာလေးတွေပြောပြမယ်နော်….ကဲ လိုက်မှတ်ကြပါ…….

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။

ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင်
သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ
အဝေးသို့ထွက်ပြေးသွားပါလိမ့်မည်

(လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။

ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။

မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။

မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။

အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။

အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။

(သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အက်ႌကို

သံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲ

မူရင်းရေးတဲ့သူကိုပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်

ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။

သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -

ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -

ပီကေ၀ါးပါ (လို့ပြောတာပဲ)။

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -

အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့
မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ
ဖြစ်ကုန်ပါ့မယ်။) ကို

ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။

မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။

နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။

ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။

သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. …သိထားတာရှိလဲ ဝေမျှပေးခဲ့ပါနော်..

ကျေးဇူးတင်ပါတယ်.

.ခင်မင်မှု များစွာဖြင့်

ချစ်သော

ရွှေအိမ်စည်

ရွှေအိမ်စည်https://www.facebook.com/shweaeimsi
 Photo: အိမ်ရှင်ထီး/အိမ်ရှင်မလုပ်မည့် ကိုကိုမမများအတွက်….သုတေသနပြုထားတာလေးတွေပါ 

 ---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက်  http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform