စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 14 January 2014

ရွှေမြန်မာတို့ရဲ့..ချစ်စရာ ယဉ်ကျေးမှုကို ဘယ်သူဖျက်သလဲ..?

ရွှေမြန်မာတို့ရဲ့..ချစ်စရာ ယဉ်ကျေးမှုကို ဘယ်သူဖျက်သလဲ..?

 မြန်မာတို့ရဲ့ ချစ်စရာ ယဉ်ကျေးမှုဟာ... ဗုဒ္ဓတရားတော်တို့ရဲ့ အောက်မှာ အခြေခံထားသည့်အလျောက်... အမူအယာအားလုံးဟာ... ချစ်စရာ ယဉ်ကျေးအဖြစ် တည်ရှိလာခဲ့ပါသည်...။ ==ကမ္ဘာ့လူသားတို့ရဲ့ မျက်စိထဲမှာ.. အယဉ်အကျေးဆုံး ယဉ်ကျေးမူအဖြစ် ထင်ဟပ် စေခဲ့ပါတယ်..။.. ==မြန်မာ့ယဉ်ကျေးမှု စစ်မှန်လျှင်... အမှန်တကယ်.. ယဉ်ကျေးပါသည်..။ ယနေ့ခေတ်မှာ.. ကိုးရီးယားဇတ်လမ်းတွဲများ ပေါ်လာသောကြောင့်... မြန်မာဖြစ်ရဲ့သားနဲ့ ကိုးရီးယားစတိုင်  . ဖမ်းနေကြသူများကြောင့်.. မြန်မာတို့ရဲ့ ချစ်စရာ ယဉ်ကျေးမှုကို ထိခိုက်စေခဲ့ပါသည်..။==တဖန်.. တရုတ်ဇာတ်လမ်းတွဲများကြောင့်လည်း..... တရုတ်ဇာတ်လမ်း စွဲနေသူတို့အဖို့... တရုတ်စတိုင် ဖမ်းနေသူများလည်း ရှိပါ၏။..==ဒါ့ကြောင့် ရှေးလူကြီးများက..သံကို သံဖျက် သံချေးတက် တဲ့..၊ မြန်မာယဉ်ကျေးမှုကို ဖျက်သူများ တစ်ခြားနိုင်ငံသားများ မဟုတ်ပေ..။ မြန်မာနိုင်ငံသားများကသာ မြန်မာ့ယဉ်ကျေးမှု ကို ပြန်ဖျက်နေကြတာပါ...။=== ထို့ကြောင့် သင်ဟာ.. မြန်မာနိုင်ငံသား စစ်လျှင်.. မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ တာဝန်ရှိပေသည်..။ မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းဖို့ တာဝန် ရှိပေသည်။.==ငါတစ်ယောက်ထဲ မြန်မာ့ယဉ်ကျေးမှုကို မလိုက်နာလို့ ဘာမှ မဖြစ်လောက်ပါဘူးလို့ မတွက်လိုက်ပါနဲ့...၊


===တစ်ခါတုန်း.က ချင်းပြည်နယ်မှာ.. နာဂလူမျိုးတွေဟာ. သူတို့ရဲ့ ရိုးရာအရ.. တစ်နှစ်တစ်ခါ ခေါင်ရည် သောက်ပွဲ ကျင်းပလေ့ ရှိပါတယ်..။ ခေါင်ရည်သောက်ပွဲ ကျင်းပဖို့..အတွက်. ရွာလုံးကျွတ် တစ်အိမ်ကို ခေါင်ရည် တစ်မြူစီ ယူလာပြီး ရွာလယ်မှာ ချထားသော.. အိုးစရည်းကြီးထဲသို့ လာရောက် ထည့်ကြဖို့ ဆော်သြကြပါတယ်...။ အဲဒီမှာ.. လူတစ်ယောက်က ငါတစ်ယောက်တည်း.. ရေထည့်သွားလို့ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး ရေတစ်မြူ ထည့်လာပြီး အိုးစရည်းကြီးထဲ လောင်းထည့်ပါတယ်..။ အားလုံးစုံလို့ ပြီးစီးတဲ့အခါ ခေါင်ရည်သောက်ပွဲ စတင်ကျင်းပပါတယ်..၊ အဲဒီမှာ.. ခေါင်ရည်တွေ မဟုတ်ဘဲ..အားလုံး ရေတွေချည်းသာ ဖြစ်နေပါတယ်..။== ဒါကိုကြည့်ရင်.. လောကမှာ... ကိုယ့်လိုလူတွေက အများကြီး ရှိနေတယ်ဆိုတာ... မမေ့ပါနဲ့...။===သင်ဟာ... မြန်မာ့ယဉ်ကျေးမှုကို ချစ်လျှင် မြတ်နိုးလျှင်.. ထိန်းသိမ်းဖို့.. တာဝန် အပြည့် အ၀ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့....။==မြန်မာ့ယဉ်ကျေးမှုကို ထာဝရတည့်တံ့အောင်... တစ်ခြားနိုင်ငံရဲ့ ယဉ်ကျေးမှု မရော မ၀င်ရအောင်... ဆက်လက်ထိန်းသိမ်းဖို့... မြန်မာနိုင်ငံသားတိုင်းမှာ တာဝန် အပြည့်အ၀ ရှိနေပါတယ်...။


                                 .....အရှင်သိဒ္ဓိဗလ..(ကျောက်ပန်းတောင်း)                                         ကိုလံဘို၊ သီရိလင်္ကာ...

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform