စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 6 January 2014

ဧဒင်ဥယျာဉ်´သို့မဟုတ်`ငါ့ဝိညာဉ်ထဲက လိပ်ပြာ

ဧဒင်ဥယျာဉ်´သို့မဟုတ်`ငါ့ဝိညာဉ်ထဲက လိပ်ပြာ
--------------------------------------------------------
ကျေးဇူးတင်ပါတယ် ဧဒင်
သင့်နှလုံးသားတွေကြောင့်
သင့်သွေးစက်တွေကြောင့်
ကဗျာဆိုတဲ့အရာတစ်ခု ငါ ထိတွေ့ခွင့်ရခဲ့တယ်
တစ်ချိန်ကဆိုတဲ့ အတိတ်တွေဟာ
တွေးကြည့်တိုင်း ရင်တလှပ်လှပ်ဖြစ်လို့နေတယ်
အနာဂတ်မှာ ငါဟာ ဘာကြီးဆိုတာ မဆိုဝံ့ပါဘူး ဧဒင်
ငါ့ခင်မင်ရာ မိတ်ဆွှေတွေကြားမှာ
ငါဟာ မျိုးစေ့မသန်တဲ့ သစ်တစ်ပင်ဖြစ်ခဲ့ဘူးတယ်
ကျေးဇူးတင်ပါတယ် ဧဒင်
သင့်ကျေးဇူးတရားတွေကြောင့် ကဗျာကို ချစ်တတ်ခဲ့
သင့်ကျေးဇူးတရားတွေကြောင့်
ကဗျာဆရာများ ငါလေးစားတတ်ခဲ့လို့နေခဲ့မိတယ်
ဒီနေရာမှာဒီဥယျာဉ်မှာ
ငါသိခဲ့တဲ့ မိတ်ဆွှေကဗျာဆရာ/ဆရာမတွေ
ငါလေးစားခဲ့ရတဲ့ ကဗျာဆရာ/ဆရာမတွေ
ငါမသိတဲ့ ကဗျာဆရာ/ဆရာမတွေ
အချင်းချင်းဟာ
တစ်ချိန်ကတော့ သင့်ရဲ့ဥယာဉ်ထဲမှာ
ဆော့ကစားလို့ ပျော်မြူးခဲ့ဘူးတယ် ဧဒင်
ဧဒင်ရေ
ငါတို့ဟာ ကဗျာဆရာဖြစ်ခဲ့သလား
ငါတို့ဟာ ကဗျာတွေရေးခဲ့သလား
ဒီမှာ
ငါပြောမယ်
လင်သေမုဆိုးမတစ်ယောက်လို
ငါဟာ တမ်းတမ်းတတငိုယိုခဲ့ဘူးတယ် ဧဒင်
ကံတရားရဲ့ ကလန်ဗန်ထိုးလိုက်ကြခြင်းမှာ
ငါတို့ ကောင်းကောင်းကြီးနဲ့ဝေဖဲတွေညံ့ခဲ့ကြတယ်
ကျေးဇူးတင်ပါတယ် ဧဒင်
အလံချိုးခံလိုက်ရတဲ့ တွဲစောင့်ကဗျာလေး
ဒီချိန်ထိ ငါ့နုတ်ဖျားမှာ တသသရှိလွန်းခဲ့တယ်
ဧဒင်ရေ
ဘယ်သူမှ မမှားခဲ့ကြပါဘူးဆိုရင်
မှားနေတာဟာ အမှန်တရားပဲ ဖြစ်မှာပေါ့
တနေ့ ငါတို့ဆုံချင်တယ်
တနေ့
သင့်ရင်ခွင်ထဲက ပန်းတွေ ငါတို့အပြင်ထုတ်သီကုန်းချင်တယ်ဧဒင်
ကျေးဇူးတင်ပါတယ် ဧဒင်။
နေအိမ်ဝန်း(ကန့်ဘလူ)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform