ကျဲသွားစေသည်။သို့သော် ကြက်သွန်ဖြူစားသည့်အခါ အနံ့ထွက်စေသည့်
ပစ္စည်းများသွေးထဲဝင်ရောက်ပြီး ဓာတ်ငွေ့အဖြစ် အသွင်ပြောင်းကာ
ခံတွင်းနံ့ဆိုးစေသည်။
လက်ဖက်စိမ်းရည် (green tea) တွင် ပါဝင်သည့် polypheno ဓာတ်များသည် သွားအခေါင်းပေါက် ဖြစ်ခြင်းကို ကာကွယ်ပေးပြီး ခံတွင်းနံ့ဆိုးခြင်းကို ကာဆီးပေးသည်။
အသားများများစားလျှင် ခံတွင်း နံ့ဆိုးသည်။ အသားနှင့် ဒိန်ခဲများမှ ပရိုတင်းအကြွင်းအကျန်များသည် ခံတွင်းနံ့ဆိုးစေသည်။
တံတွေးရည်သည် ခံတွင်းထဲရှိ အစားအစာများကို ဆေးကြောပေးသည်။ ထို့ကြောင့် ရေသောက်နည်းပြီး အာခြောက်လေ့ရှိသူများသည် ခံတွင်းနံ့ ပိုဆိုးတတ်သည်။ ဈေးကွက် အတွင်းရရှိနိုင်သည့် ဆေးအမျိုးပေါင်း (၄၀၀)ခန့်သည် အာခြောက်စေသည်။ အာခြောက်သောကြောင့် ဘက်တီးရီးယားပွားများပြီး ခံတွင်းနံ့ဆိုးစေသည်။
အာသီးရောင်သည့်အခါ အာသီးတွင် လာကပ်သည့် အနည်များသည် ခံတွင်းနံ့ဆိုးစေသည်။
သွားအတုတပ်သည့်အခါ သေသေချာချာ မသန့်စင်ထားလျှင် အနံ့ ထွက်စေသည်။ ဖြုတ်တပ်နိုင်သည့် အံကပ်များကို တိုက်ချွတ်၍ ပိုးသတ်ဆေးရည်ထဲစိမ်ထားသင့်သည်။
သွားဖုံးရောင်သည့်အခါတွင်လည်း ခံတွင်းနံ့ဆိုးသည်။ နာတာ ရှည်သွားဖုံးရောင်နေလျှင် သွားဆရာဝန်နှင့်ပြသင့်သည်။
ဇော်ကို
Ref: WebMD
Health Updates Journal — with Nyolinn Htun and 4 others.

0 comments:
Post a Comment