စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 6 January 2014

အလွမ်းခြွေတဲ့လေ


အလွမ်းခြွေတဲ့လေ
▬▬▬▬▬▬▬
နှစ်တို့က ကြာခဲ့ပြီ ...
အတိတ်ဟောင်းတို့က
နှလုံးသားမှာ စိုးမိုးနေဆဲ....
ကိုယ့်ဘာသာစိုက်ပျိုးထားတဲ့
မြတ်နိုးခြင်းတွေထဲ
အလွမ်းတွေ တခင်းလုံး ပွင့်နေလိမ့်မယ်လို့
ဘယ်သူက ထင်ထားမှာလဲ...။

နင်မသိခဲ့လို့ပါ..
အလွမ်းတွေကို စိုက်ပျိုးကထဲက
ဖုန်းဆိုးမြေပေါ်မှာ ငါမစိုက်ခဲ့ပါဘူး။

အကြင်နာတရားတွေ ပြည့်သိပ်နေတဲ့
ငါ့နှလုံးသား ကမ္ဘာမှာ
မျက်ရည်များနဲ့ ပွင့်လမ်းစေဖို့
ငါ့ ရင်ခွင်နန်းတော်
ယုယခြင်းတွေနဲ့
နင် ထာဝရပျော်ဖို့ပါ ။

အတိတ်တွေ .......
လွမ်းစိတ်တွေ.....
.........................။
ဆုံစည်းမှုကို မျှော်လင့်မထားပေမယ့်
တနေ့နေ့ ....
တနေရာရာမှာ ....
နင်နဲ့ ပြန်ဆုံခွင့်တွေ
ငါ တမ်းတနေမိတုန်း။

လေပြင်းတစ်ချက်ဝှေ့တိုင်း
ကြွေလွင့် ခသွားကြတဲ့
ပန်းကလေးတွေရဲ့ နေရာမှာ
အစားထိုးမစိုက်ပျိုးခဲ့ပါဘူး။

အမှတ်တမဲ့တွေနဲ့ အမှတ်တရဆုံတိုင်း
နင့်ကို သိပ်လွမ်းမိပါရဲ့ဟာ ...
ရာသီတွေ .... နာရီတွေ ....
ကျော်လွန်ခဲ့ကြပြီပေါ့။

ပြောင်းလဲခြင်းတွေ သိပ်များတဲ့
ဟို အရင်က
ငါတို့ရဲ့ နေရာဟောင်းလေးက
သူ .... သူ မဟုတ်သလိုနဲ့။

ငါ့အလွမ်းတွေကို ဖို့သိပ်ထားခဲ့ပါတယ်။

နင်ရေ .....
နင့်အတွက် ...
လေပြေလေညှင်းတွေ
သာယာစွာ တိုးဝှေ့ပါစေလို့
တိုးတိုးလေး ပြောပေးထားပါတယ်...
.....................................။

ရွှေအိမ်စည်https://www.facebook.com/shweaeimsi
 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform