စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 1 July 2014

ဘာပြောပြော ဆင်ပေါ်က ဇေကမ္ဘာ

 ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ မဟာချူလာ လောင်ကွန်ရာ ဇ၀ိဒယ လျတက်္ကသိုလ်က ဂုဏ်ထူးဆောင် ဓမ္မပါရဂူ ဒေါက်တာဘွဲ့ရရှိခဲ့သော ကျိုက်ထီးဆောင်း ဆရာတော်အား မွန်ပြည်နယ် အစိုးရအဖွဲ့က ဇွန်လ ၂၇ ရက်တွင် ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲတစ်ရပ်ကို မွန်ပြည်နယ် ဘီလင်းမြို့နယ်၊ ဇုတ်သုတ်စံပြ ကျေးရွာရှိ ကျိုက်ထီးဆောင်း ဆံတော်ရှင်ဝန်း အတွင်း၌ ပြုလုပ် ပေးခဲ့သည်။

ပူဇော်ပွဲအစီအစဉ်အရ စေတီတော်ဝင်းအတွင်း ဆရာ တော်အား ဆင်ရတနာတော်ဖြင့် ပင့်ဆောင်ပူဇော် ခဲ့ပြီး ဆရာတော် ၏ နောက်မှ မြန်မာနိုင်ငံလုံးဆိုင် ရာ ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ် နယ်စပ်တောင်တန်း ဒေသသာသနာ့  နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဇေကမ္ဘာ ဦး ခင်ရွှေကလည်း ပိဋကတ်သုံးပုံကို ဆင်ရတနာတော် စီးပြီး ပင့်ဆောင် ပူဇော်လာကြောင်း တွေ့ရသည်။

ထိုသို့ပင့်ဆောင်ပူဇော်သည့် ဇေကမ္ဘာ ဦးခင်ရွှေ၏ဓာတ်ပုံများ သည် လူမှုကွန်ရက်စာမျက်နှာ ထက်များသို့ရောက်ရှိလာသည့် အတွက် ဝေဖန်မှုများရှိသလို ထောက်ခံအားပေးမှုတချို့ရှိသည် ကိုလည်း တွေ့ရသည်း ယင်းကိစ္စ နှင့် ပတ်သက်ပြီး ဇေကမ္ဘာ ဦး ခင်ရွှေ၏ သားဖြစ်သူ ကိုဇေသီဟ က သူ၏ ဖေ့စ်ဘုတ်တွင် ဖခင် ဖြစ်သူကို ဝေဖန်နေကြသည့်အပေါ် ဇွန် ၃၀ ရက်က တုံ့ပြန်ထားသည် ကိုလည်း တွေ့ရသည်။

“င်္ခေနဘသသု တစ်ခုလုံးလဲ အဖေ့ကို ဆော်လိုက်၊ ညီညီကို ဆော်လိုက်၊ ဦးရွှေမန်းကိုလည်း ဆော်လိုက်နဲ့ ပွဲတော်တွေ့နေကြ တာပဲ။ စိတ်ဓာတ်နဲ့အဆင့်အတန်း ကို ဘယ်သူမှတန်ဖိုးဖြတ်လို့ မရပါ ဘူး။ ကိုယ်ယုံကြည်ရာ ကိုယ် လျှောက်ပြီး ကိုယ့်ထမင်းကိုယ်စား ရတဲ့ ခေတ်မှာ အကျိုးမရှိတဲ့ စကားတွေနဲ့ နိုင်ငံကိုတန်ဖိုး မလျော့စေချင်ဘူး။ လူမျိုးကို အောက်မကျစေချင်ဘူး။ ဘာသာ ကို စော်ကားမခံစေချင်ဘူး။ ဒေါ် အောင်ဆန်းစုကြည်၊ ဦးရွှေမန်း၊ တိုးနိုင်မန်း၊ အဖေတို့ကို ဆော်ချင် ရင် လုပ်ရပ်တွေကိုအားမရရင် သူတို့လို နေရာကိုအစားထိုးဝင် နိုင်အောင် ကြိုးစားပါ။ အခုထဲက လေ့လာပါ။ သင်ယူပါ”လို့ ကိုဇေ သီဟက ရေးထားသည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် ယခင်ကလည်း ထီးဖြူနှစ်လက် ဆောင်းသည့် ဓာတ်ပုံများကြောင့် ဝေဖန်မှုများနှင့် တွေ့ကြုံခဲ့ဖူး ကြောင်း သိရပြီး ဘာသာရေး၊ လူမှုရေးလုပ်ငန်းများတွင် အလှူ အတန်းရက်ရောသူတစ်ဦးဖြစ် ကြောင်းလည်း သိရသည်။

HNT

Hot News Journal

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform