စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 11 June 2016

Everyday, Every day နှင့် Daily တို့ကြား ဘာများကွာခြားနေသလဲ

Everyday, Every day နှင့် Daily တို့ကြား ဘာများကွာခြားနေသလဲ
......................................
တူသလို မတူသလို ဘာလိုလို ဖြစ်နေတဲ့ စကားလုံးလေးတွေရဲ့ ကွားခြားချက်ကို မေးမြန်းထားတဲ့အတွက် နှိင်းယှဉ်တင်ဆက်လိုက်တာဖြစ်ပါတယ်
.
(1) Everyday (adj) နေ့စဉ် ၊ ဖြစ်ရိုးဖြစ်စဉ် ၊ ပုံမှန်
(နေ့စဉ်ဆိုတဲ့ အသုံးအနှုန်း ဝေါဟာရအဖြစ်သာယူပြီး အဓိပ္ပါယ်အားဖြင့်က ဖြစ်ရိုးဖြစ်စဉ်သဘော ၊ ပုံမှန်သဘော တို့ကို ယူရမှာဖြစ်ပါတယ် (Everyday is an adjective. You use it to describe something that is normal in any way.)
.
Telephones become a part of everyday life for most people.
လူအများစုအတွက် တယ်လီဖုန်းတွေက နေ့စဉ် (ပုံမှန်) ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်
..................................
(2) Every day (adv phr) နေ့တိုင်း ၊ ဘယ်နေ့ဖြစ်ဖြစ် ၊ တစ်နေ့မပျက်
.
ဒီ Adverb phrase မှာကျမှ နေ့တိုင်း ၊ တစ်နေ့ချင်း ၊ ဘယ်နေ့ဖြစ်ဖြစ် ဆိုတဲ့သဘောကို ယူရမှာဖြစ်ပါတယ်
(Every day is an adverbial phrase. If something happens every day, it happens regularly each day.)
.
I get up at six every day.
ကျနော် နေ့စဉ်နေ့တိုင်း (ဘယ်နေ့ဖြစ်ဖြစ်) ၆ နာရီမှာ အိပ်ယာက ထပါတယ်
...........................................
အထက်က မတူတဲ့ စကားလုံး စကားစု နှစ်ခုကို ဒီတစ်ခုက ဆွဲယူလွမ်းမိုးလိုက်ပါတယ် ၊ သူကတော့ နှစ်မျိုးသုံးလို့ ရပါတယ်
(3)
Daily (adj) = Everyday
Daily (adv) = Every day
..
(3.1) Their daily wages barely covered thier living costs. (adj)
သူတို့ရဲ့ နေ့စဉ်(ပုံမှန်)လုပ်ခတွေဟာ သူတို့ရဲ့ လူနေမှုစရိတ်ကို ကာမိရုံမျှသာ ရှိပါတယ်
(ပုံမှန်လုပ်ခက ကာမိရုံမျှ ရှိမယ် ၊ နေ့တိုင်းဆိုတဲ့သဘောကို ပြောချင်တာမဟုတ်ဘူး ၊ ပုံမှန်သဘောကိုပဲ ပြောချင်တာ)
.
(3.2) Take the tablets twice daily. (adv)
ဆေးပြားတွေကို နေ့စဉ်နေ့တိုင်း (တစ်နေ့မပျက်) နှစ်ကြိမ်စီသောက်ပါ
.
အနှစ်ချုပ်မှတ်စေချင်တာက
...............................
everyday သည် adjective
every   day သည် adverb
daily သည် adjective, adverb နှစ်မျိုးရ
.................................
ဝေါဟာရများ
.
barely (adv) မျှသာ ၊ ရုံမျှသာ
wage (n) နေ့စားလုပ်ခ ၊ နာရီစားလုပ်ခ
living cost လူနေမှုစရိတ်
ကျန်ဝေါဟာရများကို အဘိဓါန်တွင်ကြည့်ပါ
.
မေတ္တာဖြင့် <3
မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf



ShweAeimSi

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform