သားအိမ်ခေါင်းကင်ဆာ
အမျိုးသမီးများအနေဖြင့်အလွန်ပင်အရေးကြီးသောရောဂါဖြစ်ပါတယ် ။ အသိနောက်ကျရင်အသက်အန္တရာယ်အထိဒုက္ခပေးတက်သော ရောဂါဆိုးတစ်ခုလည်းဖြစ်ပါတယ်။
ရောဂါဖြစ်ပေါ်စေသည့်အကြောင်းအရာများမှာ လိင်ဆက်ဆံမှု့ များပြားခြင်း ၊ ငယ်ငယ်ရွယ်ရွယ်အခါတွင် လိင်ဆက်ဆံခြင်းများပြု့ လုပ်ခဲ့ခြင့်း ၊ လိင်အင်္ဂါတွင် ကြွက်နို့ ဖြစ်ခဲ့ဖူးခြင်း ၊ကလေးအများအပြားဖွေးဖွားခြင်း ၊သန္ဓေတားဆေးအကြိမ်များစွာသောက်ဖူးခဲ့ခြင်း ၊ သားမြုံသူဖြစ်ခြင်း ၊ အဆီအဆိမ့်အစားများခြင်းနှင့် အဝလွန်နေခြင်း ၊ဆေးလိပ်သောက်ခြင်းများပြားခြင်း နှင့် နာတာရှည်ဖောလစ်အက်စစ်ချို့ တဲ့မှု့ ဖြစ်ခြင်းတို့ ကြောင့်ဖြစ်ပါတယ် ။
ရောဂါစဖြစ်ချိန်ကနဦးအချိန်များတွင် ရောဂါလက္ခဏာအနေဖြင့်မပြပါ ။ အဖြူအနီဆင်းခြင်းကဲ့သို့ သမရိုးဖြစ်စဉ်လို့ မဟုတ်ဘဲ အရိအရွဲအနေဖြင့် ဆင်းခြင်း ဖြစ်ပေါ်လာခြင်း ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း ၊ဓမ္မတာလာစဉ် သွေးများစွာဆင်းသည့်လများစွာ များပြားလာခြင်း ၊လိင်ဆက်ဆံပြီးသည့်အခါတွင်နာကျင်ပြီး သွေးဆင်းခြင်း တို့ ဖြစ်ပေါ်သူဖြစ်နေပါက ရောဂါဖြစ်နိုင်ပါတယ် ဒါကြောင့် ပကပ်စမီးယားခေါ်သားအိမ်ခေါင်းမှ အရိရွဲများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီးအစောအလျင်ပြသကုသသင့်ပါတယ် ။
အထူးသတိထားရမည်မှာ အမျိုးသမီးတစ်ယောက်တွင် မီးယပ်သွေးဆုံးချိန်တွင်သွေးဆုံးပြီးဖြစ်သောလည်း လမကြာမီ ဓမ္မတာပြန်လည်ပေါ်လာခြင်းတို့ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဆရာဝန်ထံတွင် အချိန်မနှောင်းဘဲပြသကုသသင့်ပါတယ် ။
ကျန်းမာရေး အသိနည်းသူများတွင် အလုပ်ကိုင်များပြားခြင်းနှင့်တိုင်းရင်းဆေးအပူသောက်သုံးခြင်းနှင့်အစားသောက်များကြောင့် ပြန်လည်ဖြစ်ပေါ်လာပါတယ်လို့ ယူဆပြီး လအတန်ကြာမှ နှစ်အပို်င်းခြားသို့ ရောက်ရှိလာခဲ့ပါလျှင် သားအိမ်ဆိုင်ရာ ရောဂါအနေအထားမှာ ကုသခွင့်သက်သာခွင့် အခွင့်အေ၇းများဆုံးရှုံးပြီး လူအသက်ကိုအန္တရာယ်ပြု့ နိုင်ကြောင်း အထူးအသိပေးလိုပါသည် ။
အမျိုးသမီးတစ်ယောက်ဖြစ်သူတိုင်း မဖြစ်မနေ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို စစ်ဆေးထိုးသင့်ပါကြောင်း အသိပေးတင်ပြရင်း ကင်ဆာဆိုသည့်ရောဂါဆိုး ကင်းဝေးကြပါစေ …..
Mg Mandalay

0 comments:
Post a Comment