Tuesday, 7 January 2014
ပုံပြင်လေးတစ်ပုဒ်ပြောချင်လို့ပါ
ပုံပြင်လေးတစ်ပုဒ်ပြောချင်လို့ပါ
▬▬▬▬▬▬▬▬▬▬▬▬
ကျွန်တော်ဟာ ပုံပြင်တွေကို ကလေးဘ၀ကတည်းက နှစ်သက်ခဲ့သူပါ။ ကျွန်တော်အကြိုက်ဆုံးပုံပြင်တစ်ပုဒ်ကို ပြောပြချင်တယ်။ ဒီပုံပြင်က အီစွတ်ရဲ့ပုံပြင်လေးပါ။နားထောင်ကြည့်ကြပါ။
ဟိုးရှေးရှေးတုန်းက ဖားတစ်စုရှိတယ်။ ဖားတွေက အုပ်ချုပ်သူမရှိ ၊ ဘုရင်မရှိဘဲ နေကြလေရဲ့။ သူတွေဟာ မင်းမဲ့စရိုက်နဲ့ နေကြတယ်။ ဒီလိုမင်းမဲ့စရိုက်နဲ့နေလာတာကြာတော့ မျှတမှုမရှိဘူးဆိုတာသိလာကြတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ကို အုပ်ချုပ်မဲ့ ဘုရင်တစ်ယောက်ကိုအလိုရှိလာတယ်။ ဒီလိုနဲ့ ဖားတွေက သူတို့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ နတ်မင်းကြီးကို တောင်းဆိုကြသတဲ့။ ဒါ့ကြောင့် နတ်မင်းကြီးက သစ်တုံးတစ်တုံး ကိုဖန်ဆင်းပေးလိုက်တယ်။ ဖားတွေကလည်း ဘုရင်ရပြီဆိုပြီး ပျော်နေကြတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ သစ်တုံးကြီးက သူတို့ကို မအုပ်ချုပ်နိုင်မှန်း သိလာကြတယ်။ အဲဒါကြောင့် ဖားတွေက နတ်မင်းကြီးကို နောက်တစ်ကြိမ် တောင်းဆိုကြပြန်ရော့။ ဒီတစ်ခါမှာတော့ နတ်မင်းကြီးက စိတ်ဆိုးပြီး ဖားရိုက်သမားတစ်ယောက်ကို ဖန်ဆင်းပေးလိုက်တယ်။ ဖားရိုက်သမားကလည်း တွေ့သမျှဖားတွေကို ရိုက်သတ်ပစ်လိုက်တယ်။ နောက်ဆုံးမှာတော့ ဖားတွေအားလုံး သေသွားကြသတဲ့။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။
ဒီပုံပြင်ကို ပြောခဲ့လို့အီစွတ်ဟာအဖမ်းခံခဲ့ရတယ်။ ဒီပုံပြင်လေးရဲ့ အဓိပ္ပါယ်ကို စဉ်းစားကြည့်ြ့ကပါ။
တစ်ခုက မင်းမဲ့စရိုက် ၊
တစ်ခုက ဖားရိုက်သမားရဲ့ အုပ်ချုပ်ပုံစနစ်(Bad governance)
ရွှေအိမ်စည်https://www.facebook.com/shweaeimsi
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment