စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 7 January 2014

အပြစ် မပြောချင်နဲ့

အပြစ် မပြောချင်နဲ့ ▬▬▬▬▬▬▬▬ ကျနော်က ပုံပြင်လေးတွေ နှစ်သက်သူမို့ ပုံပြင်တစ်ပုဒ်ပြောပြမယ်နော်.....။ တချို့ လည်းကြားဘူးပါလိမ့်မယ်...မကြားဘူးသေးရင်လည်း..ထပ်ဖတ်ပေါ့နော် တခါတုန်းက လူတစ်ယောက်က ကြက်တူရွေးကို ၀ယ်ခဲ့ပြီး အိမ်မှာလွတ်လပ်စွာ မွေးထားလိုက်တယ်။ ဒီကြက်တူရွေးက အလွန်ယဉ်ပါးတယ် ဆိုပဲ။ တစ်နေ့မှာ ကြက်တူရွေးဟာ မီးလင်းဖိုအထက်နားမှာ နားရင်း သာယာစွာ သီချင်းဆိုနေတာပေါ့။ အိမ်မှာမွေးထားတဲ့ ကြောင်က မြင်သွားလို့ မင်းဘယ်သူလဲ ဘယ်ကလာ သလဲလို့မေးလိုက်တယ်။ ကြက်တူရွေးကလည်း အိမ်ရှင်က ၀ယ်ခဲ့တယ် လို့ဖြေတယ်။ မင်းဟာ အတော် အတင့်ရဲ့တာပဲ။ ဒီ အိမ်ကို အခုမှလည်းရောက်လာသေးရဲ့။ ဒီလောက်ဆူဆူညံညံ သီချင်းဆိုရသလား။ ငါဟာ ဒီအိမ်မှာ မွေးတဲ့ ကြောင်ပဲ။ ဒါတောင် ငါအော်ခွင့် မရဘူး။ ငါ့အော်သံကို ကြားရင် သူတို့စိတ်ဆိုးပြီး အိမ်က နှင်လိုက်မှာ သေချာတယ်…လို့ ကြောင်ကပြောတာပေါ့။ ဒါနဲ့ ကြက်တူရွေးက ပြန်ပြောတယ်။ ဒါဝမ်းနည်းစရာပဲ။ ကျုပ်အကြံပေးချင်တာက ကျုပ်လို အသံကောင်းဖို့ ခင်ဗျား အများကြီးကြိုးစားရလိမ့်မယ်။ ခင်ဗျားရဲ့ အသံနဲ့ ကျုပ်ရဲ့ အသံဘယ်လိုကွားခြားသလဲ ဆိုတာ သိတယ် မဟုတ်လား။ ဒီအိမ်ရှင် မိသားစုက ခင်ဗျားရဲ့အသံကို မကြားချင်ပေမယ့် ကျုပ်အသံကို သဘောကျ ကြတယ်ဗျ တဲ့။ (ကိုယ့်ချို့ယွင်းချက်လည်းမသိ၊ သူများ အားသာချက်ကိုလည်း မသိတဲ့သူတွေ ရှိတယ် ဆိုကြောင်းပြထားတဲ့ ပုံပြင်ပါ။) ခင်မင်လေးစားသော ရွှေအိမ်စည်https://www.facebook.com/shweaeimsi

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform