လောကမှာအကောင်းဆုံးသောအရာဟာ ဘာလဲမေးလိုက်ရင် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း ကိုယ်အကြိုက်ဆုံးအရာကိုပဲ အကောင်းဆုံးအရာလို့ သတ်မှတ်ကြမှာပါ။ ဒါက ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ ပြောတာပေါ့။ ဒါပေမဲ့ ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ မဟုတ်ပဲ ဓမ္မဓိဋ္ဌာန်အနေနဲ့ အကောင်းဆုံးအရာ သတ်မှတ်တဲ့နေရာမှာတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာကို ပဓာနပြုလို့ မဖြစ်ပါဘူး။ ပင်ကိုသဘာဝအရ ကောင်းတာ၊ မကောင်းတာကိုပဲ ပဓာနပြုရပါမယ်။ သူ့ပင်ကိုသဘာဝကိုက အကောင်းဆုံးအရာ ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။
(အရှင်ဆန္ဒာဓိက)
(အရှင်ဆန္ဒာဓိက)
0 comments:
Post a Comment