မြန်မာရှင်ဘုရင် မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော ထီးဖြူ (၅)ပါး
မြန်မာရှင်ဘုရင်မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော
ထီးဖြူငါးပါးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ မင်းစံတော်မူသော သလွန်ထက်ဖွင့်လျက် အမြဲစိုက်ထားသောထီး၌
ရတနာ ၇ ပါးစီခြယ်ထားသော ကြဋ္ဌာန်းထီးဖြူ
၂။ တစ်နှစ်တစ်ကြိမ် သဘင်ခံရာ ဖွင့်ဆောင်းသော ထီး၌
န၀ရတ်ကိုးပါး စီခြယ်ထားသော ဥရူထီးဖြူ
၃။ ထွက်ဝင်မပြတ်ဆောင်းတော် ရွှေရိုးရွှေထွက်နှင့်
တမ္ဗတ်ထီးဖြူ
၎။ တစ်တိုင်းတစ်ပြည်က သံကြီး တမန်ကြီး ရောက်လာသော်
အရိုးအထွတ်အရွက်တို့၌ ရတနာ ၉ ပါး စီခြယ်ထားသော ကနက္ကဒါဏ်ထီးဖြူ
၅။ ဆင်ယာဉ်၊ မြင်းယာဉ်တို့၌ ဆောင်းသော အရိုး၊ အထွက်
ရွှေခြယ်သော သမုတိ ထီးဖြူ
0 comments:
Post a Comment