WHO အဖွဲ့ကနေ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ကြိုတင် ကာကွယ်ခြင်း ဆိုင်ရာအတွက် ပထမဆုံး အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး တွေ့ရှိ ချက်တွေ ကတော့ ကြောက်ခမန်း လိလိ အခြေ အနေမှာ ရှိနေပါတယ်။
အဲဒီအစီရင် ခံစာအရ ကမ္ဘာပေါ်က လူတွေဟာ မိနစ် ၄၀ မှာ တစ်ယောက် နှုန်းနဲ့ ကိုယ့်ကိုကိုယ် သေကြောင်း ကြံစည်နေ တယ်ဆို တာကို တွေ့ခဲ့ရပြီး တစ်နှစ်မှာ လူ အယောက်ပေါင်း ရှစ်သိန်း လောက်က ကိုယ့်ကိုကိုယ် ကြံစည်ပြီး သေဆုံးကြ တဲ့နှုန်း ဖြစ်နေ ပါတယ်။
အသက် ၁၅ နှစ်ကနေ ၂၉ နှစ်ရှိ လူငယ်တွေ အကြား ဒုတိယ အများဆုံး သေစေတဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ ၁၀ နှစ်ကြာ သုတေသန ပြုလုပ် ပြီးနောက် ဒီအစီရင် ခံစာကို ထုတ်ပြန် ခဲ့တာပါ။
မိမိကိုယ်ကို သေကြောင်း ကြံစည်သူ ဦးရေ များပြား ရတာဟာ မီဒီယာတွေမှာ ရေးသား ချက်တွေကြောင့် ဖြစ်တယ်လို့ လည်း စွပ်စွဲထားပါတယ်။
ဥပမာအားဖြင့် မကြာသေး ခင်တုန်းကပဲ မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် ဟာသ သရုပ်ဆောင် မင်းသား Robin William သေဆုံးမှုမှာ မီဒီယာတွေ အများအပြား ဖော်ပြခဲ့တာကို ထောက်ပြခဲ့ကြပါတယ်။
မိမိကိုယ်ကို သေကြောင်း ကြံစည် မှုကနေ ကာကွယ်ပေးနိုင်မယ့် နည်းဗျူဟာတွေ ရှိတဲ့နိုင်ငံမှာ သေကြောင်း ကြံစည် သူဦးရေ ပိုနည်းပါး တာကို တွေ့ခဲ့ရပေမယ့် အဲဒီ နည်းဗျူဟာကို နိုင်ငံပေါင်း ၂၈ နိုင်ငံကသာ ကျင့်သုံးနေတယ်လို့လည်း WHO အဖွဲ့က ပြောပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-05/1364881
ဓါတ်ပုံ - အင်တာနက် |
0 comments:
Post a Comment