ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ဂုံရှမ်း လူမျိုးများ၏ သမိုင်း အကျဉ်းချုပ်။
ချစ်စရာ့တိုင်းခင် ခေါ်ဂုံရှမ်း
ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ဂုံရှမ်း လူမျိုးများ၏ သမိုင်း အကျဉ်းချုပ်။
ဂုံရှမ်းလူမျိုးများသည် တိုင်းခင် လူမျိုးများ ဟုခေါ်သည်။
ဗုဒ္ဒ မပွင့်မှီ BC ၂၁၆
ခန့်တွင်ရှမ်းလူမျိုးများသည် တရုပ်ပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့
လမ်းကြောင်း ၃ ကြောင်း ခွဲ၍ဆင်းသက်လာကြရာ ဂုံရှမ်းလူမျိုးများသည်
မြန်မာနိုင်ငံ အရှေ့ ပိုင်း သံလွင်မြစ် နှင့် မဲခေါင်မြစ်
အနောက်လမ်းကြောင်းအတိုင်း ရှမ်းပြည်နယ် အရှေ့ ပိုင်းသို့ ရောက်ရှိလာကြသည်။
ကျိုင်းတုံ ဒေသ နမ့်ခင်ချောင်းဘေးတွင် နေထိုင်ကြသော
ရှမ်းများဖြစ်သည်နှင့်အညီ နမ့်ခင်ချောင်းကို အစွဲပြု၍ တိုင်းခင် (ခ)
ဂုံရှမ်း ဟုခေါ်ဝေါ်ခဲ့ကြသည်..။ ဂုံရှမ်းလူမျိုးများသည် ရှမ်းကိုးပြည်ဝင်
ကျိုင်းတုံမြို့ တွင် နေထိုင်လျက် ရှိသည်။ကျိုင်းတုံမြို့ ကို ရှေးယခင်က
စန္ဒာရကွမ်း ၊ ခေမရဋ် ၊တုံဂပူရိ စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသလို ခေမာဝရ
တိုင်းဂုံပြည် ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ကောဇာသကရာဇ် ၆၀၅ AD -1243 မှစ၍
ကောဇာသကရာဇ် ၁၃၂၄ ခုနှစ် AD – 1962 အထိအုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ
စုစုပေါင်း (၄၉)ပါးရှိသည်။ ဂုံရှမ်း စာပေ ယဉ်ကျေး မှာ ရှေး ယခင် ကပင်
ရှိခဲ့သည်။ ဂုံရှမ်း စာပေများသည် အိန္ဒိယ ပြည်သုံး Brahmi နှင့် Sunskit
အက္ခရာ တို့ မှ တဆင့် ပလ္လ၀ အက္ခရာ အဖြစ်အသုံးပြုပြီး ခမင် (ခ) ခမာ
လူမျိုးများမှ တဆင့် ထိုင်းနိုင်ငံလာအို ၊ဇင်းမယ် ၊ကျိုင်းတုံတို့ မှတဆင့်
ဆစ်ဆောင်ပန်နား အထိ အသုံးပြုခဲ့ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၀ နယ် ဟိုပန် ၊ ကွန်လုံ ၊ သိန္ဒီ နှင့် နမ့်ဆန်
တို့တွင် လည်း ထိုစာပေ သုံးဆွဲမှု ကိုတွေ့ရသည်။ ဂုံရှမ်းတို့ ၏ ရိုးရာ
ထုံးစံ ထူးခြားချက်မှာ နှစ်သစ်ကူးပွဲတော် ဖြစ်သည်။သမိုင်းအကျဉ်းချုပ်မှာ
ဖရား ကျောက်မထု ကျိုင်းတုံမြို့  ကိုအုပ်ချုပ်စဉ် သက္ကရာဇ် ၇၇၂ ခုနှစ်တွင်
ဟွေပွန် ဟူသောနေရာ မီးလောင်ကျွမ်းခဲ့ရာမှ မမျှော်လင့်ဘဲ တစ်နယ်လုံး
မိုးခေါင် ရေရှား ဖြစ်သဖြင့် ငတ်မွတ်ခေါင်းပါးသည့်ကပ်ဆိုးကြီးနှင့်
ရင်ဆိုင်ခဲ့ရသည်။ထိုအခါ ဖရားကျောက်မထု က ပုဏ္ဏားများ အား တွက်ချက်စေသောအခါ
ဥတ္တမ အမည် ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့ ၏ နေ့နံသည် တနင်္လာနံ
ဖြစ်သောကြောင့်ဂုံလူမျိုး အယူရှိသူ တစ်ယောက် ၏ ပါးစပ်တွင် တနင်္လာနံ
လခြမ်းကို ငုံစေလျက် သင်္ကြန် အကျနေ့တွင် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို
ပူဇော်ပသပေးခဲ့ပါသည်။ထိုနေ့မှပင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့်
တောင်သူလယ်သမားများထွန်ရက်စိုက်ပျိုး နိုင်ခဲ့ပါသည်။ ထို့ကြောင့် သင်္ကြန်ကာလ
ရောက်တိုင်း နှစ်စဉ် ကျင်းပလာခဲ့ရာ၁၂၆၀ ပြည့်နှစ် တွင် ကျိုင်းတုံ မြို့ 
ကို အုပ်ချုပ်သော စော်ဘွားကြီး စ၀်ကွန်ကျောက် အင်တလိုင်း က
ကျိုင်းစံရပ်ကွက်ရှိ ဖယားဇာ အမျိုးအနွယ်ကို ရိုးရာ သင်္ကြန်ပွဲကို
ဦးဆောင်ကျင်းပရန် တာဝန်ပေးခဲ့သည်။
မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏
ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။
Photo - Khay Tai
Thank You
-Shan Fashion-
0 comments:
Post a Comment