မိုင်းကိုင်မြို့ကအလွမ်းပုံပြင် (အပိုင်း ၃ )
ခွန်ဆမ်လော ဆုံးတဲ့ သတင်းကြားတော့... ခွန်ဆမ်လောမိခင်ဟာ..ကြားကြားချင်း ဆိုသလို လိုက်လာတာပေါ့...။ သူတို့နှစ်ဦး အလောင်းယှဉ်ရက်
ပြင်ထားတာကို တွေ့တော့ အရမ်းစိတ်ဆိုးသွားပြီး... နန်းဦးပြင်ကိုအမုန်း
မပြေသေးတာကြောင့် သူ့မှာပါလာတဲ့ ဝါးထမ်းပိုးနဲ့... အလောင်းနှစ်ခုရဲ့
ကြားကိုချထားပြီး ခြားလိုက်ပါတယ်တဲ့..
နောက်ဘ၀မှာလဲ သူတို့နှစ်ဦး ပြန်မဆုံနိုင်ပါစေနဲ့..
ဆိုပြီး..ကျိန်လိုက်ပါသေးတယ်..။
အဲ့ထမ်းပိုးကိုလဲ....သူတို့ကိုမြုပ်တဲ့နေရာအထိ
ယူဆောင်သွားပြီး...အလောင်းမြုပ်တဲ့နေရာမှာလဲ လိုက်ခြားလိုက်တယ်တဲ့..။
ပြီးတော့ ထမ်းပိုးကို နေရာရွေ့မသွားအောင် စို့ နဲ့ ခိုင်ခိုင်မာမာ
ထိုးစိုက်ထားပြန်ပါသေးတယ်။
ခွန်ဆမ်လောနဲ့ နန်းဦးပြင်တို့ဟာ သေဆုံးသွားပြီးတဲ့နောက်မှာ ကောင်းကင်မှာ
ကြယ်ကလေးတွေ ဖြစ်သွားကြပါသတဲ့ကွယ်..။ သို့သော်လည်းအမေ ဖြစ်သူရဲ့ကြီးမားတဲ့
အမုန်းအာဃာတ ကြောင့် ကြယ်ကလေးတွေ ဘဝမှာ တောင် ချစ်သူနှစ်ဦးဟာ
အေးချမ်းစွာပေါင်းဆုံခွင့် မရကြရှာပါဘူး...
ခွန်ဆမ်လောရဲ့အမေ ကြားမှာခြားပေးလိုက်တဲ့ဝါးထမ်းပိုးဟာ
အဆစ်သုံးဆစ်ပါရှိတဲ့အတွက် ကြယ်သုံးလုံး (မောင်ရင် ဆိုင်းထမ်းကြယ်) အဖြစ်
ခေါ်ဆိုကြပြီး သူတို့နှစ်ဦးကြားမှာ တန်းကာ ခြားနားထားလို့
မပေါင်းဆုံနိုင်ကြပဲ ရှိနေရှာပါတော့တယ်၊ ၀ါးထမ်းပိုးရဲ့ အဆစ်တဆစ်ဟာ
ကြယ်တလုံး အနေဖြစ် ကိုယ်စားပြုတာမို့ အဆစ်-၃ဆစ်ဆိုတော့.. ကြယ်-၃လုံးပေါ့
စို့နဲ့ ရိုက်ထားတဲ့နေရာကတော့ မှေးမှိန်နေတဲ့ ကြယ်တန်း
စွေစောင်းစောင်းလေးအဖြစ် အဲ့ဒီထမ်းပိုး သဏ္ဍာန် ကြယ်သုံးလုံးရဲ့
အောက်ခြေနားမှာ စို့သဖွယ် တည်ရှိနေတာကို ယနေ့တိုင်မြင်တွေ့နေရဆဲဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ.. ကြာပေမဲ့ ယခုထိတိုင် နန်းဦးပြင်ရဲ့
အိမ်မြေကွက်နေရာဟာ.. ဘာအပင်မှ မပေါက်ရောက်ပဲ..တည်ရှိနေပါသေးသည် ဆိုတာကို
မိုင်းကိုင်မြို့ကို အလည်အပတ်များ ရောက်ဖြစ်ခဲ့ရင်ဖြင့် သွားရောက်လေ့လာဖို့
တိုက်တွန်းလိုက်ချင်ပါတယ်... မိုင်းကိုင်မြို့ရဲ့အရှေ့ မနီးမဝေးမှာ
တည်ရှိနေပါတယ်...နန်းဦးပြင်ရဲ့ မြေကွက်ဘေးတွင်.. စေတီတဆူ ကိုတည်ထားကိုးကွယ်
ထားပါတယ်...။
ခွန်ဆမ်လောနှင့် နန်းဦးပြင် .... ပုံပြင်အနေဖြင့် ခွန်ဆမ်လောနှင့်
နန်းဦးပင်ကို သျှမ်းတိုင်းရင်းသားများ နားထောင် သိရှိဖူးသော
ဒဏ္ဍာရီပုံပြင်ဖြစ်ပါသည်။ ဤပုံပြင်သည် သျှမ်း တိုင်းရင်းသားတို့၏
သမိုင်းနောက်ခံ ပုံပြင်လည်းဖြစ်သလို ၀မ်းနည်းကြေကွဲစရာ ချစ်ပုံပြင်လေးလည်း
ဖြစ်ပါသည်။
သိပ်ချစ်လွန်းသူ နှစ်ဦးသည် သေလွန်သွားသော်လည်း အချစ်စိတ်၏ စွဲလမ်းမှုကြောင့်
ကြယ်လေးနှစ်ပွင့်အဖြစ် တည်ရှိနေပါသော်လည်း မိခင်ဖြစ်သူ၏ အာဃာတ အမုန်းတွေ
မပြေလေတော့ ကြယ်လေးများ ဘ၀မှာပင် အလွမ်းတွေ ဝေနေခဲ့ရပြီပေါ့ တစ်ပွင့်မှာ
ညဦးပိုင်းတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (ခွန်ဆမ်လော)၊ ကျန်တစ်ပွင်မှာ
မိုးသောက်ခါနီးတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (နန်းဦးပြင်) ဖြစ်လေသည်။
ယင်းကြယ်နှစ်လုံးမှာ သုံးနှစ်တစ်ကြိမ် နီးခဲ့ကြပြီး ကျန်နှစ်များတွင်
ပြန်လည် ဝေးကွာ သွားကြလေသည်။ သိပ်ချစ်ကြတဲ့ ချစ်သူတိုင်း ခွန်ဆမ်လောနှင့်
နန်းဦးပြင် အဖြစ်မျိုးကင်းဝေးနိုင်ကြပါစေ…
ReferenceHsipaw Generation. (သီပေါသား/သူများ)
Thank You
-Shan Fashion-
0 comments:
Post a Comment