စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 27 April 2014

နှစ်(၁၃၀)သက်တမ်းရှိ ရန်ကုန်ဘူတာကြီး မူလလက်ရာမပျက် အဆင့်မြှင့်တင် ပြင်ဆင်ရန် တင်ဒါခေါ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁)ဘီလျံကုန်ကျနိုင်

နှစ်(၁၃၀)သက်တမ်းရှိ ရန်ကုန်ဘူတာကြီး မူလလက်ရာမပျက် အဆင့်မြှင့်တင် ပြင်ဆင်ရန် တင်ဒါခေါ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁)ဘီလျံကုန်ကျနိုင်

သက်တမ်းနှစ်(၁၃၀)ကြာ ပြီး ဖြစ်သော ရန်ကုန်ဘူတာကြီးကို အဆင့်မြငှ့် တင်ရာတွင် မျက်နှာစာပိုင်းကို မူလရှေးဟောင်းလက်ရာအတိုင်းသာ ပြင်ဆင်သွားမည်ဖြစ်ပြီး အတွင်းပိုင်းကိုသာ နိုင်ငံတကာ အဆင့်မြင့် ဖြစ်အောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူးက ယနေ့ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်ဘူတာကြီး အဆင့်မြင့်တင်မှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားမှုညွှန်းကိန်း တင်ဒါကို စတင်ခေါ်ယူပြီ ဖြစ်ရာ၊ဂျပန်နိုင်ငံ ကုမ္မဏီများမှ စိတ်ဝင်စားမှုများပြားနေကြောင်း သိရသည်။ ခေတ်နှင့်အညီ အဆင့်မြှင့်တင်ရန် လိုအပ်လာသည့်အတွက် ရထားပြေးဆွဲမှုပိုင်း ဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဟူရ်ျ အပိုင်းနှစ်ပိုင်းခွဲရ်ျ ဆောင်ရွက်သွားမည် ဟု ဆိုသည်။

နိုင်ငံတော်မှ ပြည်သူများ အဆင်ပြေစေရန် နှစ်စဉ် အရှုံးခံပြေးဆွဲပေးနေခဲ့သည့် အတွက် ရထားလမ်း၊စက်ခေါင်းနှင့် အခြား အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ပေးနိုင်ရန် ခက်ခဲကြောင်း၊ထိုအတွက် နိုင်ငံတော် ဘတ်ဂျတ်ကို အသုံးမပြုပဲ အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ခြင်းဟု သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အခြေခံပြည်သူအများစုက ရထားကို အဓိကထားစီးနင်းနေရတာပါ။အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့အတွက် နိုင်ငံတော်ကရော ၊၀န်ကြီးဌာနကရော ခုလိုတင်ဒါခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ ။ဒီတင်ဒါရွေးချယ်ရေးမှာ ပြည်ထောင်စု ၀န်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာပါ။ဒီစီမံကိန်းက မြို့ရဲ့အသည်းနှလုံးနေရာမှာ တည်ရှိနေတဲ့အတွက် စီမံကိန်းပြုပြင်ပြောင်းလဲမှု ဟာ ရန်ကုန် တစ်မြို့လုံးကို ပြောင်းလဲသွာစေမှာဖြစ်သလို၊စီမံကိန်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာမှာပါ ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီးက ပြောသည်။
အဆင့်မြင့်တင်မှု စီမံကိန်း ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁ဘီလျံခန့် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ၊ပြင်ဆင်မှုတွင် ခ၇ီးသည်နားနေရာ၊ ကုန်တိုက်များ၊နှင့် အခြား ပြည်သူ စိတ်ချမ်းသာစွာ စီးနင်းနိုင်မည့် အစီအစဉ်နှင့် တည်ဆောက်မှု့များကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီးကို ၁၈၇၇ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သက်တမ်း ၁၃၀ကျော် ၇ှိပြီးဖြစ်သည်။ဧကပေါင်း ၂၀၁၉ဧက ရှိကြောင်း သိရသည်။မီးရထား ၀န်ကြီးဌာန အနေဖြင့် ၀င်ငွေရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးများအတွက် မီးရထားပိုင်မြေနေရာများ တွင် သင့်တော်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက်လည်း ယခုရက်ပိုင်းအတွင်း တင်ဒါခေါ်ယူခဲ့သည်။

The Union Daily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform