စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 27 April 2014

ကော့သောင်းမြို့တွင် ဆိုင်ကယ် နှင့် ကား ယာဉ်တိုက်မှုဖြစ်ပွား

ကော့သောင်းမြို့တွင် ဆိုင်ကယ် နှင့် ကား ယာဉ်တိုက်မှုဖြစ်ပွား

ကော့သောင်းမြို့ ၊ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်း ပိုင်း၊ ဘန်းကချွန်ကျေးရွာ တွင် မော်တော်ဆိုင်ကယ် နှင့် ISUZU ထရပ်ကား ခေါင်းခြင်းဆိုင်တိုက်မှု ဖြစ်စဉ်တစ်ခု ဧပြီ ၂၃ ရက် နံနက်(၉း၃၀)နာရီ အချိန်ကဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ခမောက်ကြီးမြို့နယ်ခွဲ ၊ အမှတ်(၄) ရပ်ကွက် ၊ဖေါင်ဆိပ် ရွာနေ မောင်ကျော်ဌေး၊အသက်(၃၀) နှစ်(ဘ) ဦးကျော်သိန်း ၊ ဆိုသူစီးနှင်း လာသည့် YAMAR (NOUVO) အမျိုးအစား ၊ (အော်တိုဂီယာ)ကျောက် စိမ်း ရောင် မော်တော်ဆိုင်ကယ် သည် ခမောက်ကြီး ဖက်မှ ကော့သောင်းမြို့ သို့အလာ ၊ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်း ပိုင်း ၊ ဘန်းကချွန်ကျေးရွာ အ၀င် လမ်းကွေ့ တစ်ခု တွင်မိမိရှေ့မှ မောင်းနှင်နေ သည့် မော်တော်ယာဉ်တစ်စီး အား အရှိန်ပြင်းစွာ ကျော်တက်ရာ မှတစ်ဖက် ယာဉ်ကြောသို့ရောက်ရှိသွားပြီး ကော့သောင်း မှ ခမောက်ကြီးဖက်သို့ ယာဉ်မောင်း ဦးထွန်းဦး(၅၇)နှစ် မောင်းနှင် လာသည့် ISUZU ထရပ်ကား ယာဉ်အမှတ် ၉ဃ/ ၅၈၅၄ (အပြာရောင်) ၏ဦးခေါင်းပိုင်း ၀ဲဖက် အခြမ်း သို့ ၀င်တိုက် မိသဖြင့် ဆိုင်ကယ် မှာမိမိယာဉ်ကြောဖက်သို့ ပြန်လည် လွင့်စင်ကြေမွသွားကာဆိုင်ကယ်မောင်းနှင် လာသူ မောင်ကျော်ဌေး (၃၀)နှစ် ၊ ဦးခေါင်းကွဲအက် ဘယ်ဖက်ခြေတောက် ကျိုးကြေ ဒါဏ်ရာ များ ဖြင့် နေရာ တွင်ပွဲခြင်းပီးသေဆုံး သည်။ မော်တော်ကား မှာကိုက်(၁၀၀)ခန့် အလွန်တွင် အင်ဂျင် ကွဲ ၍ ထိုးရပ်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းမြို့ ရဲတပ်ဖွဲ့စခန်း ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ က သေဆုံးသူ အားဆေးရုံသို့ ပို့ဆောင်ပေးပြီး မော်တော်ယာဉ်မောင်းနှင် သူဦးထွန်းဦး (၅၇) နှစ် အားယာဉ် တိုက်မှု ပုဒ်မ ယာဉ်(မ) ၁၅/၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်းသတင်း ရရှိသည်။

လင်းရောင်ခြည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform