စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 26 April 2014

ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား

ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား

ဦးနှောက်ကို ပုံရိပ်ဖော်နည်းပညာနဲ့ လေ့လာမှုတစ်ခုအရ လူသားများရဲ့ ဦးနှောက်ဟာ ရေကိုလိုအပ်တာထက်ပိုမသောက်ဖို့ ထိန်းချုပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ၊ Melourne University နဲ့ Florey Institute of Neuroscience တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဟာ ရေဆာမှုမရှိတော့ဘူးဆိုရင် အလိုအလျောက် ရပ်တန့်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြော အချက်ပြမှုကို လေ့လာ နိုင်ခဲ့ပါတယ်။
လေ့လာမှုခေါင်းဆောင် Derek Denton က“ရေကိုပုံမှန်ထက် အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ လူသားတွေရဲ့ဦးနှောက်အစိတ်အပိုင်း များစွာထဲမှာ ရေကိုဆာရင် ပုံမှန်ထက် ပိုမသောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အာရုံကြောအစိတ်အပိုင်း ရှိ နေတယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်”လို့ ပြောကြားထားပါတယ်။ ရေကို ပုံမှန်ထက် အလွန်အကျွံ သောက်သုံးမယ်ဆိုရင် သွေးတွင်းဆားဓာတ် concentration ကို လွန်စွာလျော့ကျစေတဲ့အပြင် ဦးနှောက်ရောင်ရမ်းခြင်း (swelling of brain) ကို ဖြစ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သာမန်လူတွေက အဲဒီလိုဖြစ်ပွားဖို့ ခဲယဉ်းပေမယ့် မာရသွန်အပြေးသမားတွေနဲ့ စိတ်ကစဥ့်ကလျား ဝေဒနာရှင်တွေမှာ တွေ့ရတတ်တယ်လို့ ဒီသုတေသနမှာ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Neuroscience မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး
ref: ANI

Credit To : Health Updates Journal

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform