စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 21 January 2014

ဆာ...ကူ...ရာ(သို့)

ဆာ...ကူ...ရာ(သို့)

ချယ်ရီ တဲ့ ချယ်ရီ
တွယ်မှီလို့ ရေး
ပင်ထက်မှာ စွေးစွေးပန်းချီ
လှရက်ဟန်ညီ...။

ရွှေဌာနီ ပိတောက်လိုသာပ
ဤမြေမှာ 'မေ' တစ်လတည်းပေမို့
ထူးထူးကဲကဲ ပွင့်ကြရှာ
(အိုဘယ့်...ဆာကူရာ)
ချယ်ရီရောင် ပန်းသွေးနှင့်
ပင်ထက်မှာ ဂုဏ်မာန်ဝင့်လို့
သင့်ဟန်ပန် တင့်ချင်လည်း တင့်ပေလိမ့်...။

ပင်မြင့်မှာ ပွင့်ဖူး
သခင်ခူးချင် ခူးပါလို့
ကေသာဦးမှာ ဝေပါစေ...
တမင်စိမ်းလို့တော့ မခြွေပါနှင့်
အပင်ထက်မှာ လန်းပွင့်လို့
ငေးကြည့်နေ မာန်ဝင့်စဉ်မှာပဲ
ကြွေတတ်လေရဲ့...။

ပင်ထက်မှာ ပွင့်ဝေစဉ်
ဂုဏ်မာနနဲ့ဝင့်ထယ်စွာ လန်းပါလို့
မနွမ်းခင် ဝေစဉ်တခဏ
မြင်သူတိုင်းက မက်မော
တန်ဖိုးထားလို့ နမ်းချင်သူပေါပေလိမ့်...
မရှုစိမ့်ကာ မနာလို
အလှဂုဏ် သူမာန်ဝင့်ဆို မကြည်ဖြူအား
မုန်းသူများလည်း ရှိလိမ့်မယ်...။

မြေသို့သာ လွင့်ကြွေရင်
ခင်မင်သူ ရှား
သနားစဖွယ်သင့်ကို ဝမ်းသာအားရ
မောက်မာလှသည့် ပန်းလို့သာ
နင်းချေကာ မတွယ်တာလို့
မလိုသူတွေ နှာခေါင်းရှုံ့မှာပေါ့...
တချို့မှာ နှမြောတသ
လှရက်လွန်းသည့် ပန်းမို့ထင့်
သင့်ဘဝကိုလေ တကယ်စာနာ...။

အိုဘယ့် ... ဆာကူရာ
သင့်ဟန်ပန် လှမာန်ဝင့်
ဂုဏ်တင့်လို့ ပင်ထက်မှာ
သင်ဝေစဉ် တမင်နမ်းမယ်လို့
သင်ကြွေရင် ဘယ်သူလွမ်းပါလိမ့်
ပွင့်ဝေစဉ် မာန်မဝင့်လေနှင့်
ကြွေချိန်တန် ကြွေလွင့်ရမှာမို့
နိစ္စကို သင်လေ တွေးလို့သာပ
သံဝေဂနဲ့ ကြည့်လို့သာရယ်
သင်္ခါရကို တကယ်မြင်လှည့်စမ်း
(ကွယ်...)
နွမ်းတတ်တဲ့ ပန်း...။ ။

တောက ကိုရင်
၀၄.၀၆.၂၀၁၂
https://www.facebook.com/shweaeimsi

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform