လီဗာပူးလ်နှင့် ပွဲစဉ်တွင် အားနည်းသည့် လူစာရင်း အသုံးပြုခဲ့ပါကလည်း ချယ်လ်ဆီးအရေးယူခံရဖွယ်မရှိ
ဝေဘုန်းလူ
လာမည့်တနင်္ဂနွေနေ့တွင် လီဗာပူးလ်နှင့်ရင်ဆိုင်ရမည့်ပွဲ၌ ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက အားနည်းသည့် လူစာရင်းဖြင့်ရင်ဆိုင်လာခဲ့ပါကလည်း အရေးယူအပြစ်ခံရနိုင်ဖွယ်မရှိကြောင်း ဘီဘီစီသတင်းဌာနက သုံးသပ်ခဲ့ သည်။ အလားတူအပြုအမူမျိုးအတွက် ဘလက်ပူးအသင်းမှာ ၂၀၁၁ ခုနှစ်တွင်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ပရီးမီးယားလိဂ်စည်းမျဉ်များကို ဖြေလျှော့ခဲ့ပြီးဖြစ်ပြီးဖြစ်ကာ ကစားသမား ၂၅ ဦးစားရင်း၌လူငယ်ကစားသမား များပါဝင်ခြင်းမရှိမှသာ အရေးယူခံရနိုင်သည့်အနေအထားသို့ပြောင်းလဲသွားသည်။
ချယ်လ်ဆီးနည်းပြမော်ရင်ဟိုသည် အက်သလက်တီကိုနှင့်ကစားရမည့် ချန်ပီယံလိဂ်ဆီမီးဒု-ကျော့မှာ ဦးစားပေးပွဲစဉ်ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြောကြားထားသည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားရန်ကျန်နေ သေးချိန်တွင် ၂၀၁၀ ခုနှစ်ချန်ပီယံချယ်လ်ဆီးအသင်းမှာ ဇယားထိပ်က လီဗာပူးလ်အောက် ၅ မှတ်အကွာ၊ တစ်ပွဲလျော့ မန်စီးတီးထက် တစ်မှတ်အသာဖြင့် ဒုတိယနေရာ၍ ရပ်တည်နေသည်။ အက်သလက်တီကိုနှင့်ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲချော်ရမည့် ကွင်းလယ်ကစားသမား လမ်းပတ်နှင့် မီခေးလ်တို့မှာ လီဗာပူးလ်နှင့်ပွဲ၌ ချယ်လ်ဆီးအသင်းကို ဦးဆောင်လာဖွယ်ရှိနေသည်။
ယခုရာသီဥရောပပွဲမကစားခဲ့ရသော မက်တစ်နှင့် ဆာလက်တို့မှာလည်း ချယ်လ်ဆီးလူစာရင်းတွင် ပါဝင်လာမည်ဟု ခန့်မှန်းခံနေရသည်။
ချယ်လ်ဆီးအသင်းမှာ လီဗာပူးလ်နှင့်ပွဲတွင် အသက် ၂၁ နှစ်အောက်ကစားသမားများကိုသာ အသုံးပြုဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဂယက်ရိုက်သွားခဲ့ပြီး အမှန်တကယ်ပွဲထွက်စေခဲ့ပါက အရေးယူခံရနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်ခဲ့သည်။
ရည်ညွှန်း - ဘီဘီစီ
: Mizzima - News in Burmese

0 comments:
Post a Comment