စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 24 April 2014

ကသာခရိုင်အတွင်း ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်ရာတွင် ဒေသခံတောင်သူများ၏ ယာမြေများအတွင်းမှ ဖြတ်သန်းဖောက်လုပ် နေမှုကြောင့် သီးနှံစိုက်ခင်းများပျက်စီး

Published on: April 24, 2014
Written by: ဌေးလှအောင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း၌ ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်ရာတွင် ဒေသခံတောင်သူများ၏ ယာမြေများအတွင်းမှ ဖြတ်သန်းဖောက်လုပ် နေမှုကြောင့် သီးနှံစိုက်ခင်း ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများ၏ ပြောဆိုချက်များအရ သိရသည်။

ကသာခရိုင် အင်းတော်မြို့နယ် အတွင်း၌ ခရိုင်ချင်းဆက်လမ်း ဖြတ်သန်းဖောက်လုပ်ရာတွင် ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများ အတွင်းမှ ဖြတ်သန်းဖောက်လုပ်မှုကြောင့် စိုက်ပျိုးထားသည့် သီးနှံခင်းများ ပျက်စီးခဲ့သည့်အပြင် ယာမြေများပါ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံ တောင်သူများထံမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်ရာနှင့် ပတ်သက်၍ ဒေသခံတောင်သူများအား ခေါ်ယူညှိနှိုင်းမှုများ မရှိခဲ့ဘဲ သီးနှံခင်းများအတွင်းမှ ဖြတ်သန်းဖောက်လုပ်နေမှုကြောင့် ဒေသခံများမှ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်း ဦးစီးဌာနသို့ အကြောင်းကြားခဲ့သော်လည်း လာရောက်ဖြေရှင်းပေးမှု မရှိခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။

"ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်မှုကြောင့် ကျွန်တော်တို့ တောင်သူတွေရဲ့ သီးနှံခင်းတွေ ထိခိုက်ပျက်စီး သွားတဲ့အပြင် မြေယာတွေပါ လမ်းဖောက်လုပ်တဲ့ အတွင်းကို ပါသွားတာကြောင့် မြေယာတွေလည်း ပျက်စီးဆုံးရှုံးရပါတယ်။ တောင်သူတွေကိုလည်း လာရောက်ညှိနှိုင်းတာ မရှိပါဘူး။ ကျွန်တော်တို့ တောင်သူတွေ အနေနဲ့ လမ်းဖောက်လုပ်မှာကို မကန့်ကွက်လိုပါဘူး။ ဒီယာမြေတွေ အပေါ်မှာပဲ ထွန်ယက်လုပ်ကိုင် စားသောက်နေရတဲ့ အတွက် တောင်သူတွေကို မနစ်နာစေဖို့ ဆောင်ရွက်ပေးစေလိုပါတယ်" ဟု အင်းတော်မြို့နယ် အတွင်းမှ ဒေသခံတောင်သူများက ဆိုသည်။

ယင်းကဲ့သို့ လမ်းဖောက်လုပ်မှုကြောင့် အင်းတော်မြို့နယ် အတွင်းရှိ ကွင်းအမှတ် ၁၁၄၅ ရှိ လယ်သမားလေးဦး ပိုင်ဆိုင်သည့် လယ်ယာမြေဧရိယာ ၆ ဒသမ ၅၀ ဧက၊ မဲဇာအုပ်စု၊ အုတ်ကျင်းကွင်းမှ ကွင်းအမှတ် ၁၀၀၀ တွင်တည်ရှိသည့် လယ်သမားရှစ်ဦး ပိုင်ဆိုင်သည့် မြေဧရိယာ ၁၂ ဧကတို့အတွင်း လမ်းဖောက်လုပ်နေမှုကြောင့် သီးနှံစိုက်ခင်းနှင့် လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများ၏ ပြောဆိုချက်များအရ သိရသည်။

"ခရိုင်ချင်းဆက်လမ်း ဖောက်တဲ့နေရာမှာ အရင်ကလမ်းဟောင်း ရှိထားပါတယ်။ အဲဒီလမ်းဟောင်းအတိုင်း ဖောက်မယ်ဆိုရင် လမ်းရဲ့ဘယ်ဘက်အခြမ်းနဲ့ ညာဘက်အခြမ်းကို လမ်းအတွက် ပေးရမယ်ဆိုရင် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ဖဲ့ပေးသွားမှာပါ။ အခုလမ်းဖောက်လုပ်နေတာက လမ်းရဲ့ညာဘက်အခြမ်းပဲ တိုးချဲ့ဖောက်လုပ်နေတော့ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ လုပ်ကိုင်စားဖို့ မြေယာတွေ ဆုံးရှုံးရတော့မှာပါ" ဟု ဒေသခံတောင်သူများက ပြောကြားခဲ့သည်။

အဆိုပါဒေသရှိ တောင်သူများမှာ စပါးနှင့် ယာသီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲတို့ကို အဓိကထား စိုက်ပျိုးနေကြကြောင်း သိရသည်။

ခရိုင်ချင်းဆက်လမ်း ဖြတ်သန်းဖောက်လုပ်နေမှုအား ဒေသခံတောင်သူများ၏ ယာမြေများအတွင်းမှ ဖြတ်သန်းဖောက်လုပ်ထားစဉ်

  BBC Burmese 
 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform