စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 13 April 2014

မလေးရှားနိုင်ငံမှ မြန်မာပြည်သို့ လေယာဉ်ဖြင့် ပြန်သူများအား (အရေးပေါ် အသိပေးချက်)

မလေးရှားနိုင်ငံမှ မြန်မာပြည်သို့ လေယာဉ်ဖြင့် ပြန်သူများအား (အရေးပေါ် အသိပေးချက်)


မနေ့က မြန်မာပြည်သို့ ပြန်သော မြန်မာများထဲတွင် မလေးရှားလေဆိပ်တွင် ၈ ဦး အဖမ်းခံရကြောင်း
လေဆိပ်သို့ ပို့ဆောင်သူ ကိုကျော်ကျော်မှ ပြောပြ လာပါသည်။

မလေးရှားနိုင်ငံ၏ 10.4.2014 ကြာသပတေးနေ့တွင် တရားဝင် ဥပဒေ သတင်း ထုပ်ပြန်ချက်
အရ မလေးရှားနိုင်ငံအတွင်း ပြုလုပ်ထားသော ပါမစ်များမှာ တရားဝင်ပါမစ်များ ဖြစ်သော်လည်း
တိုင်ပတ်ပါမစ် (မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ထားသော) ပါမစ်များကို ကိုင်ဆောင်ပြီး
မြန်မာပြည်ပြန်သူများ ယခင်က ပြသာနာ မရှိခဲ့ပေမယ့် အခုနောက်ပိုင်း 10.4.2014
ရက်နေ့မှ စတင်ကာ ပါမစ်များကို သေချာစစ်ဆေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

6P ပါမစ် ၊ ပြုလုပ်ပေးသော အချိန်တွင် 6P စာရွက်စာတမ်း ၊ မိမိတို့ လက်ပွေနဲ့
တင်ထားသူများ မြန်မာပြည်မှ ဖရီးကောလင်းဖြင့် လာရောက်သူများ အနေဖြင့် ပြသာနာ
မရှိသော်လည်း 6P ပါမစ် ၊ ပြုလုပ်ပေးသော အချိန်တွင် 6P စာရွက်စာတမ်း ၊ မိမိတို့ လက်ဗွေဖြင့်
မတင်ပဲ မိမိတို့ အစီအစဉ်ဖြင့် ပါမစ်ရအောင် ပြုလုပ်သော (တိုင်ပတ်) ပါမစ်စာအုပ်များကို
ကိုင်ဆောင်သူများ ပြသာနာ ရှိနေပါသည်။

မိမိတို့ တင်ထားသော ပါမစ်များမှာ မလေးရှားနိုင်ငံမှ တရားဝင်ထုပ်ပေးသော ပါမစ်များ
ဖြစ်သော်လည်း လေဆိပ် လဝကမှ စစ်ဆေးရာတွင် မိမိတို့ အစီအစဉ်ဖြင့် ပါမစ်ရအောင်
ပြုလုပ်သော (တိုင်ပတ်) ပါမစ်များ ဆိုပါက မလေးရှား လေဆိပ်တွင် အဖမ်းခံရနိုင်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာပြည်သို့ ပြန်လိုသူများ အနေဖြင့် မိမိတို့ အေးဂျင့်များ ၊ ပါမစ်တင်ပေးသူများအား
သေသေချာချာ မေးမြန်း စုံစမ်းပြီးမှသာ ပြန်သင့်ပါကြောင်း စေတနာဖြင့် အသိပေး တင်ပြလိုက်ပါသည်။

ေ နေဇော်လင်း

Free Online Radio Media (Malaysia)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform