အညာ နဲ့ မြန်မာ
=========
အညာထနောင်းနဲ့
ရွာက အကြောင်းတွေပြန်ပြောမလား
တမာတွေပင်တွေစိမ်းစိမ်းစိုလို့
ထန်းတောရိပ်နဲ့
ပုဂံသမိုင်းကြောင်းပြန်တူးမယ်။
မြန်မာမင်းတို့ နန်းစိုက်ရာနယ်မြေ
ဆူးပန်းတွေက ဝေေ၀နဲ့
အာနန္ဒာစေတီက တန်ခိုးတော်ကြီး
ဓမ္မာရံကြီးကလည်း မိုးထိအောင်မြင့်
ပြဿဒါးဘုရားနား မိုးကညို့ ညို့ မှိုင်း
ပုဂံရဲ့ နယ်မြေတိုင်းက လွမ်းမောစေရာ
ရှေးရှေးအခါက ရာဇ၀င်.....
ဘယ် ဘုရင် သမိုင်းကိုခိုင်းနှိုင်းမလဲ..။
မြန်မာ ဟေ့ ဆိုမိုးကခြိမ်းခြိမ်းညံ
အသွားထက်တဲ့နန်းစဉ်ဓားနဲ့
ကြွေးကြော်သံတွေက
ကမ္ဘာတိုင်ဟိန်းဟိန်းထလို့
မြန်မာတို့ ဘ၀ကို တမ်းတတယ်။
အခုဆိုရင်လေ........
ပြန်လည်တည်ထောင်ကြပါစို့လား
ကွာ......
သွေးခြင်းနယ်မြေ
မုဆိုးဘို ကုန်းဘောင်သမိုင်း
အင်းဝတံတိုင်ကလည်းခိုင်
မန္တလာပြည်မဏ္ဍိုင်ကလည်း
မြန်မာမင်းတို့ နန်းစိုက်ရာလေ
အညာမြေရဲ့သမိုင်းတွေက
သူရဲကောင်းတို့ ဓါးသိုင်းရိပ်တွေပဲ
တို့သွေးရဲ ရဲ နီလို့
ကမ္ဘာကသိအောင်ကြေငြာမယ်ဟေ့
မြန်မာ့တိုင်းက ထကြွစေ
နောင်တော် ရေ........
နောင်ရိုးစစ်
0 comments:
Post a Comment